ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကုန်ပစ္စည်းပို့ဆောင်နေသူက ဆိုင်ကယ်စီးကာ ရေဝပ်နေသော လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကုန်ပစ္စည်းပို့ဆောင်နေသူက ဆိုင်ကယ်စီးကာ ရေဝပ်နေသော လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၆ ရက်မှစ၍ ထိုင်းနိုင်ငံတွင် ရေဘေးကြောင့် သေဆုံးသူဦးရေသည် ၆၀ ဦးအထိ တိုးမြင့်လာခဲ့ကြောင်း၊ မြို့တော် ဘန်ကောက်နှင့် ပြည်နယ် ၂၇ ခုမှာ ရေဘေးဒဏ်သင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာနက အောက်တိုဘာ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း စသည့် ဒေသအများအပြားတွင် အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ မိုးကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်း ရာသီဥတုများ ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ထိုင်းမိုးလေဝသဌာနက ထိုနေ့တွင် ကြိုတင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………

(Chinese Version)

泰国洪灾死亡人数升至60人

新华社曼谷10月7日电(记者常天童 林淑婷)泰国内政部防灾减灾厅7日发布公告说,9月16日以来,该国洪灾造成的死亡人数已升至60人。首都曼谷和27个府受灾。  

泰国气象局当天发布预警说,预计10月9日至13日,泰国北部、东北部、中部等多地还将出现大到暴雨、强风和冰雹天气。(完)

图说:10月6日,在泰国曼谷,外卖员骑摩托车经过积水路段。新华社发(拉亨摄)