
ဝူဟန့်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
ဆောင်းဦးချိန်ခါ ညနေခင်းတွင် တရုတ်နိုင်ငံ ဝူဟန့်မြို့ တုန်းဟူရေကန်၌ ညနေဆည်းဆာရောင်ခြည်က ကန်ရေမျက်နှာပြင်၌ ဖြာကျလျက်ရှိပြီး ရေကန်နံဘေးတွင် ဆောင်းဦးအငွေ့အသက်များ ကြိုင်လှိုင်လျက်ရှိသည်။ မြို့သူမြို့သားများစွာက ညနေခင်း လေပြည်လေညင်း တိုက်ခတ်သော နေဝင်ရီတရောအချိန်၌ တုန်းဟူရေကန်နံဘေး၌ စက်ဘီးစီးအပန်းဖြေလျက်ရှိရာ မြို့ပြဆောင်းဦးအချိန် အေးချမ်းသာယာသော လူနေမှုဘဝအသွင်များ ပေါ်လွင်နေပေသည်။ (Xinhua)
---------------------
(Chinese Version)
美丽中国丨一湖秋色伴晚霞
新华社照片,武汉,2026年10月8日
秋日傍晚,武汉东湖晚霞铺满湖面,湖畔秋意渐浓。不少市民趁着晚风、踏着暮色,在东湖绿道骑行,尽显城市秋日平和惬意的生活风貌。
图说1:10月5日拍摄的武汉东湖晚霞。 新华社记者 沈虹冰 摄
图说2:10月7日,游客在武汉东湖绿道骑行。新华社记者 沈虹冰 摄








