တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ထန်ဆန်းမြို့ ဖုန်းနန်ခရိုင်ရှိ ဟယ်ထို ရှေးခေတ်လမ်း ရှုခင်းသာနေရာ၌ အမှတ်တရဓာတ်ပုံရိုက်နေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ထန်ဆန်းမြို့ ဖုန်းနန်ခရိုင်ရှိ ဟယ်ထို ရှေးခေတ်လမ်း ရှုခင်းသာနေရာ၌ အမှတ်တရဓာတ်ပုံရိုက်နေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမျိုးသားနေ့အားလပ်ရက်ကာလ ပထမဆုံးနေ့ဖြစ်သော အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျီနင်မြို့ရှိ ဆိပ်ကမ်းတစ်ခုမှ တအိအိထွက်ခွာလာသော "ကွန်ဖြူးရှပ်" အပျော်စီးသင်္ဘောသည် မြို့တောင်ဘက် အစွန်အဖျားရှိ ရှေးဟောင်းနန်ယန်မြို့သို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။

နာမည်ကျော် ရှေးခေတ် တရုတ်အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်ကို အစွဲပြုကာ မှည့်ခေါ်ထားသော ယင်းသင်္ဘောသည် တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြစ်များကို ဆက်သွယ်ပေးထားကာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး လူလုပ်ရေလမ်းကြောင်းစနစ်ဖြစ်သကဲ့သို့ ၂၀၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လည်း ဖြစ်လာခဲ့သည့် မဟာတူးမြောင်းကြီး၏ လမ်းပိုင်းအချို့ကို ဖြတ်သန်းလျက် ၂ နာရီကျော်ကြာ ခရီးစဉ်အဖြစ် ခုတ်မောင်းသွားလာမည်ဖြစ်သည်။

"ဒီခရီးစဉ်က ကြွယ်ဝတဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံတွေ ပေးစွမ်းနိုင်တယ်ဆိုတာကို အွန်လိုင်းမှာတွေ့မိလို့ ကျွန်မတို့ ဒီအပျော်စီးသင်္ဘောကို ရွေးချယ်ခဲ့တာပါ" ဟု ရှေးခေတ် ကွန်ဖြူးရှပ်ပညာရေးစနစ်၏ အခြေခံပညာရပ် ၆ ခုကို အစွဲပြု၍ အလှဆင်ဖန်တီးထားသော သင်္ဘောခန်းအတွင်းရှိ ရှေးဟောင်းစာပေများကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူနှင့်အတူ ဖတ်ရှုနေသည့် ပြည်နယ်မြို့တော် ကျီနန်မှ ကျောက်ရှောင်ကျယ် က ပြောကြားခဲ့သည်။

၎င်း၏ရွေးချယ်မှုက ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ထုတ်ကုန်များတွင် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများ ပိုမိုနက်နက်နဲနဲ ပါဝင်လာသည့် ကျယ်ပြန့်သော ခေတ်ရေစီးကြောင်းကို ထင်ဟပ်နေခြင်းဖြစ်သည်။

အမျိုးသားနေ့ အထူးအစီအစဉ်

"အရင်ကလည်း ဒီခရီးလမ်းကြောင်းအတိုင်း အပျော်စီးသင်္ဘောတွေ ထွက်ဖူးပေမဲ့ ကွန်ဖြူးရှပ်သင်္ဘောကတော့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အတွေ့အကြုံ အများအပြားထည့်သွင်းထားတာမို့ မဟာတူးမြောင်းကြီးပေါ်မှာ ကွန်ဖြူးရှပ်ဝါဒကို သက်ဝင်လှုပ်ရှားစွာ ဖော်ညွှန်းပေးနေတဲ့ ပြခန်းတစ်ခုအဖြစ် ပြောင်းလဲပေးပါတယ်" ဟု အဆိုပါ သင်္ဘောခရီးစဉ်၏ တာဝန်ခံ ကျန်ဖုန်း က ပြောသည်။

အသွားအပြန် လက်မှတ်ခနှုန်းထားတွင် ရှုခင်းသာနေရာများသို့ ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပေးသည့် ဝန်ဆောင်မှုများအပြင် ခရီးသွားဆွဲဆောင်ရာနေရာများဖြစ်သည့် ခန်းချန်ပျဲယွမ့် နှင့် ဟူကျိချန်ကျွမ်း သို့ ဝင်ရောက်ခွင့်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ခရီးသွားဧည့်သည်များအနေဖြင့် နန်ယန်ရှေးဟောင်းမြို့၌ တံငါသည်များ၏ ရိုးရာဓလေ့ လက်ထပ်မင်္ဂလာ အခမ်းအနားနှင့် တင်ကျီးငှက်ဖြင့် ငါးဖမ်းပွဲများကိုလည်း ကြည့်ရှုနိုင်မည်ဟု ကျန်း က ဆိုသည်။

ကွန်ဖြူးရှပ်ဝါဒနှင့် မဟာတူးမြောင်းကြီး၏ ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ကာ အဆိုပါ ခရီးစဉ် ပက်ကေ့ဂျ် (package) များကို ဖန်တီးထားခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယခုနှစ် ဆောင်းဦးလယ်ပွဲတော်မှာ အမျိုးသားနေ့ အားလပ်ရက်မတိုင်မီ ရုံးတက်ရန်သုံးရက်အလိုတွင် ကျရောက်သည့် တစ်မူထူးခြားသော ယခုနှစ် အားလပ်ရက်ပြက္ခဒိန်ကြောင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုအတွက် အရှိန်အဟုန်အသစ်များ ဖြစ်ပေါ်စေခဲ့သည်။

ခရီးသွားဧည့်သည် ၁၀ ဦးလျှင် တစ်ဦးနှုန်းသည် အားလပ်ရက်ကာလနှစ်ခုကြားတွင် ခွင့်ရက် ၃ ရက်ယူကာ အားလပ်ရက်ကာလနှစ်ခုကို တစ်ဆက်တည်းစုပေါင်းလိုက်ခြင်းဖြင့် စုစုပေါင်း ၁၃ ရက်ကြာ အားလပ်ရက်ကို ဖန်တီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အွန်လိုင်းခရီးသွား ပလက်ဖောင်းဖြစ်သော Ctrip ၏ အချက်အလက်များက ဆိုသည်။ ယင်းကဲ့သို့ တစ်ဆက်တည်း အားလပ်ရက်ယူခဲ့ကြသူများ၏ ထက်ဝက်နီးပါးမှာ ၈ ရက်ကျော်ကြာ ခရီးထွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261007/cccea9a655a7464ead2e91714eba9403/c.html

..................................

(English Version)

Culture-infused tourism gains traction during National Day holiday

BEIJING, Oct. 7 (Xinhua) -- On the morning of Oct. 1, the first day of China's National Day holiday, the Confucius cruise ship slowly pulled away from a port in Jining, east China's Shandong Province, setting off for Nanyang ancient town on the city's southern outskirts.

Named after the famous ancient Chinese philosopher Confucius, the ship was bound for a 2-hour-plus journey, passing stretches of the Grand Canal, the world's oldest artificial waterway system, which connects rivers in northern and eastern China and was inscribed on the UNESCO World Heritage List in 2014.

"We chose the cruise after seeing online that it offered a rich cultural experience," said Zhao Xiaojie from the provincial capital Jinan, as she and her 11-year-old son read the ancient texts on the cabin's decorations inspired by the Six Arts -- the six foundational disciplines of ancient Confucian education.

Her choice reflects a broader trend during this year's National Day holiday, as cultural content is weighing more and more heavily in China's tourism products.

NATIONAL DAY EXTRAVAGANZA

"Cruises have operated on the same route before, but the Confucius incorporates many cultural elements and intangible cultural heritage experiences, turning it into a moving showcase of Confucianism on the Grand Canal," said Zhang Feng, head of the cruise route.

The round-trip ticket includes shuttle services to scenic spots and admission to the Kangqian Bieyuan and Huji Qianzhuang attractions. Visitors can also watch a traditional fishermen's wedding ceremony and cormorant fishing performances in Nanyang ancient town, Zhang said.

Such packages bring together Confucianism and the culture of the Grand Canal, he added.

The unusual holiday calendar this year, with the Mid-Autumn Festival falling just three working days before the National Day holiday, has given fresh momentum to the integration of culture and tourism.

Data from Chinese online travel platform Ctrip showed that one in 10 travelers chose to combine the two holidays by taking three days off to create a 13-day break. Nearly half of those taking an extended break traveled for more than eight days.

https://english.news.cn/20261007/cccea9a655a7464ead2e91714eba9403/c.html

Photo caption: Tourists pose for a photo at the Hetou Old Street scenic area in Fengnan District of Tangshan City, north China's Hebei Province, Oct. 3, 2026. (Photo by Li Xiuqing/Xinhua)