ဂျာမနီနိုင်ငံ ဖရန့်ဖွတ်ကွန်ဗင်းရှင်းစင်တာသို့ ဝင်ရောက်ကာ ဖရန့်ဖွတ်စာအုပ်ပြပွဲ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဖရန့်ဖွတ်ကွန်ဗင်းရှင်းစင်တာသို့ ဝင်ရောက်ကာ ဖရန့်ဖွတ်စာအုပ်ပြပွဲ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ် (ဂျာမနီ)၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

၇၈ ကြိမ်မြောက် ဖရန့်ဖွတ် စာအုပ်ပြပွဲကို အောက်တိုဘာ ၇ ရက်က ဂျာမနီနိုင်ငံ ဖရန့်ဖွတ်ကွန်ဗင်းရှင်းစင်တာ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပုံနှိပ်ထုတ်ဝေရေးအဖွဲ့အစည်းပေါင်း ၄,၀၀၀ ကျော်တို့သည် ပြပွဲနေရာတွင် လာရောက်စုဝေးခဲ့ကြသည်။ တရုတ်စာအုပ်တင်သွင်းတင်ပို့ရေး (အုပ်စု) ကုမ္ပဏီသည် ပြည်တွင်း ပုံနှိပ်ထုတ်ဝေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းပေါင်း ၈၀ ကျော်ကို ယခုအကြိမ် စာအုပ်ပြပွဲတွင် ပါဝင်ပြသစေရန် စီစဉ်ခဲ့သည်။ စာအုပ်ပြပွဲရှိ တရုတ်နိုင်ငံ ပူးတွဲပြသမှုနေရာသည် စတုရန်းမီတာ ၃၃၆ ကျယ်ဝန်းပြီး အရည်အသွေးမြင့် စာအုပ်အမျိုးအစား ၃,၀၀၀ ကျော်နှင့် စာအုပ်ရေ ၄,၆၀၀ ကျော်ကို ခင်းကျင်းပြသခဲ့သည်။ (Xinhua)

.................................

(Chinese Version)

第78届法兰克福书展开幕 中国精品图书联袂亮相

新华社照片,法兰克福(德国),2026年10月7日

第78届法兰克福书展7日在德国法兰克福会展中心开幕。来自100多个国家和地区的超过4000家出版机构齐聚现场。中国图书进出口(集团)有限公司组织80余家国内出版文化单位在本届书展亮相。书展的中国联合展台参展面积为336平方米,共展出3000余种、4600余册精品图书。

图说1:10月7日,人们走进德国法兰克福会展中心参观法兰克福书展。 新华社记者 杜哲宇 摄

图说2:10月7日,参观者在德国法兰克福书展中国联合展台翻阅图书。新华社记者 杜哲宇 摄