တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ရှိ နန်ကျင်း တောင်ပိုင်းဘူတာ၌ ရထားပေါ်သို့တက်ရန် ပြင်ဆင်နေသော ခရီးသည်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ရှိ နန်ကျင်း တောင်ပိုင်းဘူတာ၌ ရထားပေါ်သို့တက်ရန် ပြင်ဆင်နေသော ခရီးသည်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် အန်းခန်းမြို့မှ ကျန်းယန်နှင့် ၎င်း၏မိသားစုအတွက် ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်သည် ထူးထူးခြားခြား အမှတ်ရစရာဖြစ်ခဲ့သည်။ အောက်တိုဘာ ၁ ရက်တွင် ရှီးအန်း-အန်းခန်း အမြန်ရထားလမ်း ဖွင့်လှစ်ခဲ့ပြီးနောက် ၎င်းတို့မိသားစုသည် တော်လှန်ရေး၏ သမိုင်းဝင် မြို့တစ်မြို့ဖြစ်သော ယန်အန်းသို့ အန်းခန်းမြို့မှ တိုက်ရိုက်အမြန်ရထားဖြင့် ခရီးနှင်ခဲ့ကြသည်။

ယခင်က ၇ နာရီကျော် ကြာမြင့်ခဲ့သည့် ခရီးစဉ်သည် ယခုအခါ ၂ နာရီကျော်သာ ကြာမြင့်တော့သည်။

ကျန်းမိသားစုသည် တရုတ်နိုင်ငံ၏ ခရီးသွားလာမှုနှင့် ငွေကြေးသုံးစွဲမှုအများဆုံး ကာလများထဲမှ တစ်ခုဖြစ်သော အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ခရီးထွက်ခဲ့သည့် သန်းပေါင်းများစွာသော ပြည်သူများထဲတွင် အပါအဝင်ဖြစ်သည်။

အားလပ်ရက်ကာလ ပထမသုံးရက်အတွင်း တစ်ရက်လျှင် ဒေသဖြတ်ကျော် ခရီးသည်သွားလာမှုအကြိမ်ရေ  သန်း ၃၀၀ ကျော်ရှိခဲ့သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းအင်းအချက်အလက်များတွင် ဖော်ပြထားသည်။ နိုင်ငံတစ်ဝန်းရှိ မီးရထားလမ်းများသည် အောက်တိုဘာ ၁ ရက်တွင် ခရီးသည်သွားလာမှု အကြိမ်ရေ ၂၅.၂ သန်းကျော် ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ပြီး တစ်ရက်တာအတွင်း စံချိန်သစ်တင်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကဲ့သို့ ဧရိယာအားဖြင့် အလွန်ကြီးမားကျယ်ပြန့်သော နိုင်ငံတစ်နိုင်ငံအတွက် အားလပ်ရက် ခရီးသွားရာသီအတွင်း သန်းရာနှင့်ချီသည့် ပြည်သူများကို သယ်ယူပို့ဆောင်ပေးနိုင်ခြင်းသည် အံ့မခန်း စွမ်းဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ဤစွမ်းဆောင်မှု နောက်ကွယ်တွင် ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့သော သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခု ရှိနေသည်။

၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ ဘက်စုံသယ်ယူပို့ဆောင်ရေးကွန်ရက်သည် ကီလိုမီတာ ၆ သန်းကျော် ကျယ်ပြန့်လာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်လည်း အပါအဝင်ဖြစ်သည်။ မြန်နှုန်းမြင့်ရထားလမ်းများ၊ အမြန်လမ်းများ၊ လေဆိပ်များနှင့် ဆိပ်ကမ်းများသည် နိုင်ငံအနှံ့ရှိ မြို့ကြီးများ၊ မြို့ငယ်များနှင့် ကျေးလက်ဒေသများကို ဆက်သွယ်ပေးထားသည်။

ရထားလမ်းကွန်ရက်များကို ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများအတွင်း ရထားလမ်းအရှည် စုစုပေါင်း ကီလိုမီတာ ၁,၁၀၀ ကျော်ရှိသည့် အဓိက အမြန်ရထားလမ်းပိုင်း ၄ ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ ရထားလမ်းသစ်များကြောင့် ခရီးသွားလာချိန်ကို ပိုမိုတိုတောင်းစေခဲ့ပြီး ကျန်းမိသားစုကဲ့သို့သော ခရီးသွားပြည်သူများအတွက် ခရီးသွားလာရန် ပိုမိုလွယ်ကူလာခဲ့သည်။

တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ခရီးသွားလာချိန် ပိုမိုမြန်ဆန်လာရုံသာမကဘဲ ဝန်ဆောင်မှုကောင်းများကိုပါ တိုးမြှင့်ပေးလျက်ရှိရာ ခရီးသွားလာမှုကို ပိုမိုအဆင်ပြေချောမွေ့စေသည်။

ယခုအခါ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ (NEVs) သည် တရုတ်နိုင်ငံမှ မိသားစုများအကြား ပိုမိုအသုံးတွင်ကျယ်လာပြီး ခရီးဝေးသွားလာမှုများအတွက်ပါ လူကြိုက်များသော ရွေးချယ်မှုတစ်ခု ဖြစ်လာပြီဖြစ်သည်။ အဆိုပါ အားလပ်ရက်ကာလအတွင်း အမြန်လမ်းများတွင် စွမ်းအင်သစ်သုံး မော်တော်ယာဉ် (NEV) ဖြင့် ခရီးသွားလာမှုနှုန်းမှာ ပုံမှန်အခြေအနေထက် ၁.၈ ဆအထိ မြင့်တက်လာဖွယ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားကာ ထို့အတွက်ကြောင့် အားသွင်းဝန်ဆောင်မှု လိုအပ်ချက်များပါ မြင့်တက်လာမည်ဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261006/391e14dd43b44fb4bf837abceb0a57c0/c.html

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်ရှေ့တွင် ဆယ်လ်ဖီဓာတ်ပုံရိုက်နေသည့် တရုတ်ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်ရှေ့တွင် ဆယ်လ်ဖီဓာတ်ပုံရိုက်နေသည့် တရုတ်ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.................................

(English Version)

Holiday travel highlights China's transport strength, economic vitality

BEIJING, Oct. 6 (Xinhua) -- For Zhang Yang and his family in Ankang, northwest China's Shaanxi Province, this year's National Day holiday was a memorable one. On Oct. 1, following the opening of the Xi'an-Ankang high-speed railway, they took a direct high-speed train from Ankang to Yan'an, a city known for its revolutionary history.

The journey, which used to take more than seven hours, now takes just over two hours.

The Zhang family was among millions on the move during the National Day holiday from Oct. 1 to 7, one of China's peak periods for travel and spending.

Data from the Ministry of Transport showed cross-regional passenger trips exceeded 300 million on each of the first three days of the holiday. China State Railway Group Co., Ltd. (China Railway) said the country's railways handled over 25.2 million passenger trips on Oct. 1, setting a new single-day record.

For a country as vast as China, moving hundreds of millions of people during a holiday rush is a feat of scale. Behind this feat lies a transport network built up over decades.

By the end of 2025, China's comprehensive transport network spanned more than 6 million km, including the world's largest high-speed rail network. High-speed railways, expressways, airports and ports connect cities, towns and rural areas across the country.

The network is continuing to expand. On Sept. 28, China opened four major high-speed railway sections across northern, northwestern, central and northeastern China, with a combined length of more than 1,100 km. The new lines further shorten travel times and put more destinations within easy reach of families like Zhang's.

China's transport development goes beyond faster journeys. Better supporting services are also making travel more convenient.

New energy vehicles (NEVs) have become increasingly common among Chinese households and are now a popular choice for long-distance travel. The Ministry of Transport expects NEV trips on expressways during the holiday to reach 1.8 times the usual level, pushing up demand for charging services.

https://english.news.cn/20261006/391e14dd43b44fb4bf837abceb0a57c0/c.html

Photo caption 1: Passengers prepare to board a train at Nanjing South Railway Station in Nanjing, east China's Jiangsu Province, Sept. 30, 2026. (Xinhua/Su Yang)

Photo caption 2: Chinese tourists take a selfie in front of the Eiffel Tower in Paris, France, on Oct. 3, 2026. (Xinhua/Aurelien Morissard)