ပြင်သစ်နိုင်ငံ မြောက်ပိုင်း Villeneuve-d'Ascq မြို့ရှိ ဆီဆိုင်တစ်ဆိုင်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ မြောက်ပိုင်း Villeneuve-d'Ascq မြို့ရှိ ဆီဆိုင်တစ်ဆိုင်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုနှစ် မတ်လတွင် ထုတ်ပြန်ကြေညာခဲ့သော အရန်သိုလှောင်ထားသည့် ရေနံများ ထုတ်လွှတ်ရောင်းချမှုအစီအစဉ်အား အရှိန်မြှင့် အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြောင်း၊  ထိုမတိုင်မီ ကတိပြုထားပြီး မထုတ်လွှတ်ရသေးသည့် အရန်သိုလှောင်ထားသော ရေနံများအားလုံးကို ဈေးကွက်အတွင်း ထုတ်လွှတ်ရောင်းချလိုက်မည်ဆိုပါက ရေနံစည်ပေါင်း သန်း ၁၀၀ ခန့် ထပ်မံထုတ်လွှတ်ရောင်းချနိုင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ရှိ ဒီဇယ်ဆီဈေးကွက်တွင် ထောက်ပံ့မှုပြတ်လပ်သည့် အခြေအနေအတွက် ၎င်းအဖွဲ့ဝင်နိုင်ငံများက ခွင့်ပြုနိုင်သည့်အခြေအနေတွင် ဒီဇယ်အား ဦးစားပေးထုတ်လွှတ်မည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။

လက်ရှိအချိန်အထိ IEA အဖွဲ့ဝင်နိုင်ငံများသည် ယခုနှစ် မတ်လတွင် သဘောတူညီထားသည့် အုပ်စုလိုက် လှုပ်ရှားမှုအစီအစဉ်အရ ရေနံစည်ပေါင်း ၃၂၅ သန်းခန့် ထုတ်လွှတ်ပြီးဖြစ်ကြောင်း၊ အချို့သောနိုင်ငံများက ထုတ်လွှတ်သည့်ပမာဏသည် ထိုမတိုင်မီ ကတိပြုထားသော ပမာဏထက် ကျော်လွန်နေပြီဖြစ်ကြောင်း၊ IEA အဖွဲ့ဝင်နိုင်ငံများက လက်ရှိတွင် အများပြည်သူအရေးပေါ်သုံးရန် အရန်သိုလှောင်ထားသည့် ရေနံစည် သန်း ၁,၁၀၀ ခန့်ရှိနေဆဲဖြစ်ပြီး ၎င်းအနက် ဒီဇယ်စည် သန်း ၂၀၀ ကျော် ပါဝင်ကြောင်း၊ လိုအပ်ပါက ဈေးကွက်ပံ့ပိုးမှု တည်ငြိမ်စေရန်အတွက် အဆိုပါ အရန်သိုလှောင်ထားသည်များကို တစ်ဆင့်တိုး အသုံးပြုနိုင်ကြောင်း ကြေညာချက်အရ သိရသည်။

IEA က အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်သွားပြီး မတ်လ အုပ်စုလိုက် လှုပ်ရှားမှုအစီအစဉ် အကောင်အထည်ဖော်မှု အခြေအနေကို စောင့်ကြည့်ကာ လာမည့်သီတင်းပတ်အတွင်း ကျင်းပမည့် IEA အုပ်ချုပ်ရေးဘုတ်အဖွဲ့ အစည်းအဝေးတွင် လက်ရှိစွမ်းအင်ဈေးကွက် အခြေအနေအား ထပ်မံလေ့လာဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုကြောင့် ကမ္ဘာ့တစ်ဝန်း ရေနံထောက်ပံ့မှု ပြတ်လပ်သည့် အခြေအနေအား ကိုင်တွယ်စီမံရန်အတွက် IEA က အဖွဲ့ဝင်နိုင်ငံ ၃၁ နိုင်ငံအနေဖြင့် အရန်သိုလှောင်ထားသော မဟာဗျူဟာမြောက် ရေနံစည်ပေါင်း သန်း ၄၀၀ အား ထုတ်လွှတ်ပေးရန် သဘောတူညီခဲ့သည်ဟု မတ် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

国际能源署成员国同意加快释放1亿桶石油储备

新华社巴黎10月7日电(记者崔可欣)国际能源署7日发表声明说,其成员国政府同意加快落实今年3月宣布的石油储备释放计划。若此前承诺但尚未释放的储备全部投放市场,预计还可释放约1亿桶石油。  

声明还说,针对当前柴油市场供应紧张的情况,其成员国同意在条件允许的情况下优先投放柴油。  

根据声明,截至目前,国际能源署成员国已依照今年3月达成的集体行动计划释放约3.25亿桶石油,部分国家释放规模已超过此前承诺。国际能源署成员国目前仍持有约11亿桶公共应急石油储备,其中包括超过2亿桶柴油。如有需要,可进一步动用这些储备以稳定市场供应。  

国际能源署表示将继续与各成员国政府保持协调,跟进3月集体行动的落实情况,并将在下周举行的理事会会议上再次研判当前能源市场形势。  

3月11日,国际能源署宣布,32个成员国一致同意释放4亿桶战略石油储备,以应对因美国和以色列军事打击伊朗导致全球石油供应紧张的局面。(完)

图说:这是9月23日在法国北部的阿斯克新城拍摄的加油站。新华社发(塞巴斯蒂安·库尔吉摄)