မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားက မြောက်ကိုရီးယားအား “ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ကူညီထောက်ပံ့မည်” ဟု ပြောဆိုခြင်းသည် မြောက်ကိုရီးယားအပေါ် “ပြင်းထန်သော ရန်စမှု” လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဌာနညွှန်ကြားရေးမှူး ကင်ယိုဂျွန်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။

တောင်ကိုရီးယားအစိုးရက အောက်တိုဘာ ၇ ရက်တွင် ယခုနှစ် မေလ၌ မြောက်ကိုရီးယားအား “ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ” ကူညီထောက်ပံ့ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယား အရေးယူပိတ်ဆို့မှုကော်မတီထံ “အရေးယူပိတ်ဆို့မှုကင်းလွတ်ခွင့် လျှောက်ထားစာ” ဆိုသည်ကို တင်ပြခဲ့ပြီး “ခွင့်ပြုချက်” ရရှိခဲ့ကြောင်း၊ တောင်ကိုရီးယားဘက်က မြောက်ကိုရီးယား၏ “ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာရှားပါးမှုနှင့် ကျန်းမာရေးအခြေအနေ ဆိုးရွားမှု” အကြောင်းကို ဆွေးနွေးကြပြီး “အားနည်းထိခိုက်လွယ်သောအုပ်စုများ၏ မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်” ထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းသည် မြောက်ကိုရီးယားအပေါ် စော်ကားမှုဖြစ်သလို အသွင်ပြောင်းထားသော နိုင်ငံရေးစိန်ခေါ်မှုဖြစ်ပြီး အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်သော အပြုအမူဖြစ်ကြောင်း ကင်ယိုဂျွန်က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် တောင်ကိုရီးယား၏ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများသည် မြောက်ကိုရီးယားနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားဘက်၏ ဤဟာသဇာတ်လမ်း နောက်ကွယ်တွင် ကောက်ကျစ်သော နိုင်ငံရေးရည်ရွယ်ချက်များ ဖုန်းကွယ်ထားပြီး ၎င်းတို့၏ “စေတနာထားသော သဘောထား” ဆိုသည်နှင့် ၎င်းကို ငြင်းပယ်သော မြောက်ကိုရီးယား၏ “ဆန့်ကျင်ဘက် သဘောထား” တို့ကို နှိုင်းယှဉ်ကာ ယင်းမှ အကျိုးအမြတ်ရယူရန် ကြိုးစားနေကြောင်း၊ အကယ်၍ တောင်ကိုရီးယားသည် မြောက်ကိုရီးယား-တောင်ကိုရီးယား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါက အကြီးမားဆုံးသော လေးစားမှုနှင့် ရိုးသားမှုကို ပြသသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် မည်သည့်အရာမျှ ဖလှယ်မည်မဟုတ်ကြောင်း၊ ၎င်းနှင့်လည်း ဆက်ဆံရန် မလိုအပ်ကြောင်း ကင်ယိုဂျွန်က အလေးပေးပြောကြားခဲ့သည်။ မြောက်ကိုရီးယား-တောင်ကိုရီးယား ဆက်ဆံရေး၏ ရန်လိုမှု သဘောသဘာဝသည် ပြောင်းလဲမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရွက်စာတမ်းတစ်ခုတွင် တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားထံ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ ကူညီထောက်ပံ့နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယား အရေးယူပိတ်ဆို့မှုကော်မတီထံ လျှောက်ထားစာတစ်စောင် တင်ပြခဲ့သည်ဟု ဖော်ပြထားကြောင်း Yonhap သတင်းအေဂျင်စီ၏ အောက်တိုဘာ ၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ယခုနှစ် မေလတွင် ထိုကော်မတီက တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့ရေးစီမံကိန်းအတွက် ကင်းလွတ်ခွင့်ပေးမည်ဟု အကြောင်းကြားခဲ့သည်။ (Xinhua)

...................................

(Chinese Version)

金与正:韩国声称要对朝医疗援助系“严重挑衅”

新华社平壤10月8日电(记者王天僚)据朝中社8日报道,朝鲜劳动党中央委员会部长金与正当天发表谈话称,韩国声称要对朝鲜进行“医疗设备援助”是对朝“严重挑衅”行为。  

金与正在谈话中表示,韩国政府7日称,今年5月向联合国安理会对朝鲜制裁委员会提交关于支援朝鲜“医疗装备”的所谓“制裁豁免请求书”并得到“批准”。韩方议论朝鲜“药品及医疗设备短缺和卫生状况恶化”,称要提供“改善弱势群体的必需医疗服务”,这是对朝鲜的侮辱和变相政治挑衅,是严重的主权侵犯行为。  

金与正说,当前韩国医疗设备不可能进入朝鲜境内。韩方闹剧的背后隐藏着阴险的政治目的,企图将所谓“善意态度”与拒绝它的朝鲜“相反态度”进行比较,从中获利。如果韩国有意改善朝韩关系,应当展现出最大的尊重和真诚。  

金与正强调,朝鲜绝不跟韩国交换什么东西,也不需要与其打交道。朝韩关系的敌对性质不会改变。  

据韩联社7日报道,韩国统一部公开的一份资料显示,韩国政府此前向联合国安理会对朝鲜制裁委员会递交了一份申请书,以便于向朝鲜援助医疗设备。今年5月,该委员会通知将为韩国统一部援助项目提供豁免。(完)

图说:2025年10月10日,庆祝朝鲜劳动党成立80周年阅兵式在朝鲜平壤举行。新华社记者 申宏 摄