
နယူးယောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေ ထပ်မံတင်းမာလာမှု စသည့်အချက်များကြောင့် ကမ္ဘာ့ရေနံစိမ်း အနာဂတ်ကုန်သွယ်မှုဈေးနှုန်းသည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် သိသိသာသာ မြင့်တက်ခဲ့ပြီး နယူးယောက်ကုန်စည်ဒိုင်၏ အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းနှင့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်း နှစ်မျိုးစလုံးသည် အချိန်အတိုင်းအတာတစ်ခုအတွင်း ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
နယူးယောက်ကုန်စည်ဒိုင်၏ နိုဝင်ဘာလတွင် ပို့ဆောင်မည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ထိုနေ့တွင် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၉၂.၈၄ သို့ မြင့်တက်ခဲ့ပြီး ယခင်နေ့ ဈေးပိတ်ချိန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၅.၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဒီဇင်ဘာလတွင် ပို့ဆောင်မည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၅.၄၈ ဖြင့် ၅.၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
ဗြိတိန် ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းရုံး (UKMTO) က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ကာတာနိုင်ငံအနီး ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောတစ်စင်းသည် ထိုနေ့က ပစ်လွှတ်လိုက်သည့် လက်နက်ကျည် အများအပြား ထိမှန်ခံခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက်နေ့တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်သင်္ဘော ၇ စင်းသာ ဖြတ်သန်းခဲ့ရာ ၎င်းသည် ဇူလိုင်လ ၂၃ ရက်နောက်ပိုင်း အနိမ့်ဆုံးပမာဏ ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော ၁၀ စင်း တိုက်ခိုက်ခံခဲ့ရကြောင်း နိုင်ငံတကာဈေးကွက် ဝန်ဆောင်မှုအဖွဲ့အစည်းဖြစ်သည့် Kpler ကုမ္ပဏီမှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။
အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၇ ရက်တွင် အမေရိကန် အရာရှိအများအပြားကို ကိုးကား၍ သတင်းဖော်ပြခဲ့ရာ၌ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံအပေါ် အတိုင်းအတာကြီးမားသော စစ်ရေးလှုပ်ရှားမှုများကို ပြန်လည်စတင်ရန်အတွက် ပြင်ဆင်မှုများကို ရက်ပိုင်းအတွင်း အပြီးသတ်လုပ်ဆောင်ရန် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ကို မကြာသေးမီရက်ပိုင်းက ညွှန်ကြားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်းနှင့် Bab-el-Mandeb ရေလက်ကြားအနီးရှိ ယီမင်အစိုးရစစ်တပ်ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆော်ဒီစစ်လေယာဉ်များသည် ထိုနေ့တွင် ယီမင် ဟူသီလက်နက်ကိုင်တို့ ထိန်းချုပ်ရာဒေသများဘက်သို့ လေကြောင်းမှ အသစ်တစ်ဖန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ တိုက်ခိုက်မှု ပစ်မှတ်များတွင် Hodeidah အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒေသတွင်း ဆက်သွယ်ရေးအဆောက်အဦများ ပါဝင်ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
中东地缘局势紧张刺激国际油价大涨
新华社纽约10月8日电(记者刘亚南)受中东地区地缘局势再度紧张等因素刺激,国际原油期货价格8日早间显著上涨,纽约商品交易所轻质原油期货价格和伦敦布伦特原油期货价格均一度涨超5%。
数据显示,纽约商品交易所11月交货的轻质原油期货价格当日一度升至每桶92.84美元,与前一日收盘价相比上涨5.17%。12月交货的伦敦布伦特原油期货价格一度升至每桶105.48美元,上涨5.27%。
英国海上贸易行动办公室7日发布通报说,一艘油轮当天在卡塔尔附近海域被多枚发射物击中。
国际市场服务机构克普勒公司公布的数据显示,6日霍尔木兹海峡仅有7艘油轮通过,为7月23日以来最低水平。9月28日至10月4日,有10艘油轮在霍尔木兹海峡遭到攻击。
美国阿克西奥斯新闻网7日援引多名美国官员消息报道称,美国国防部日前已指示美军中央司令部,在数日内完成对伊朗重启大规模军事行动的准备工作。
也门胡塞武装8日早些时候称,该组织再次打击了沙特阿拉伯首都利雅得的哈立德国王国际机场,并对曼德海峡附近的也门政府军发动袭击。沙特战机当日对也门胡塞武装控制区发动新一轮空袭,袭击目标包括荷台达国际机场以及当地的通信设施。(完)
图说:这张9月7日的视频截图显示,在也门哈德拉毛省瓦迪阿军事基地附近,一些军用卡车遭到导弹袭击。新华社发(胡塞媒体中心供图)








