အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် ဗဟိုဟာမာဟယ်ရာခရိုင် Weda Bay စက်မှုဥယျာဉ်တွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို (ဝဲဘက် စတုတ္ထ) က တရုတ်ရင်းနှီးမြှုပ်နှံသော သတ္တုလုပ်ငန်း ကုန်ချောထုတ်လုပ်မှု စီမံကိန်း ၁၁ ခု စတင်ခြင်းအခမ်းအနားအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် ဗဟိုဟာမာဟယ်ရာခရိုင် Weda Bay စက်မှုဥယျာဉ်တွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို (ဝဲဘက် စတုတ္ထ) က တရုတ်ရင်းနှီးမြှုပ်နှံသော သတ္တုလုပ်ငန်း ကုန်ချောထုတ်လုပ်မှု စီမံကိန်း ၁၁ ခု စတင်ခြင်းအခမ်းအနားအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို သည် အောက်တိုဘာ ၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် ဗဟိုဟာမာဟယ်ရာခရိုင် Weda Bay စက်မှုဥယျာဉ်၌ တရုတ်ရင်းနှီးမြှုပ်နှံသော သတ္တုလုပ်ငန်း ကုန်ချောထုတ်လုပ်မှု စီမံကိန်း ၁၁ ခု စတင်ခြင်းအခမ်းအနားအား ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါစီမံကိန်းများတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁၀.၂ ဘီလီယံခန့်ရှိပြီး စွမ်းအားဖြည့်ဘတ်ထရီ၊ နီကယ်နှင့်ကိုဘော့ဖြင့် ထုတ်လုပ်သော ကုန်ကြမ်းပစ္စည်း၊ Electrolytic aluminum ၊ စွမ်းအင်သစ်စီမံကိန်းသုံး စက်ပစ္စည်းနှင့် စီးပွားဖြစ်သုံး ယာဉ်ထုတ်လုပ်မှု စသည့်ကဏ္ဍများပါဝင်ကြောင်း သိရသည်။

ပရာဘိုဝို ဆူဘီယန်တိုသည် စက်မှုဥယျာဉ်ရှိ တရုတ်လုပ်ငန်းကုမ္ပဏီ၏ လျှပ်စစ်ကား ဘက်ထရီ ပထမဆုံး တင်ပို့ခြင်းအခမ်းအနားကိုလည်း သက်သေထူခဲ့သည်။

Weda Bay စက်မှုဥယျာဉ်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ ၂၀ ဘီလီယံကျော်ရှိလာပြီး အနာဂတ်တွင် ကန်ဒေါ်လာ ၇ ဘီလီယံ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန်လည်း အစီအစဉ်ရှိကြောင်း၊ အဆိုပါ စက်မှုဥယျာဥ် ဖွင့်လှစ်လာပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀,၀၀၀ ကျော် ဖန်တီးထားပြီးဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် တရုတ် နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်လာစေခဲ့ကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ချောလုပ်ငန်း ဖော်ဆောင်မှု ဝန်ကြီး Rosan Roeslani က စီမံကိန်းအသစ်များ အကောင်အထည်ဖော်မှုသည် အင်ဒိုနီးရှားနိုင်ငံက ပြည့်စုံသော လျှပ်စစ်ကား ဘက်ထရီ ထောက်ပံ့ရေးကွင်းဆက်နှင့် ဂေဟစနစ်တစ်ခု တည်ဆောက်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ ထဲထဲဝင်ဝင်ပေါင်းစည်းမှုသည် နောက်ဆုံးတွင် အင်ဒိုနီးရှားနိုင်ငံက ဘက်စုံစက်မှုအသွင်ပြောင်းမှု အကောင်အထည်ဖော်ရန်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Weda Bay စက်မှုဥယျာဉ်ကို TSINGSHAN Holding Group ကုမ္ပဏီလီမိတက်မှ ဦးဆောင်ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်ပြီး ယင်းသည် အဆိုပါကုမ္ပဏီက Morowali စက်မှုဥယျာဉ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၌ တည်ဆောက်သော ဒုတိယမြောက် အထွေထွေစက်မှုဥယျာဉ်ဇုန်ဖြစ်သည်။ Weda Bay စက်မှုဥယျာဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သတ္တုတူးဖော်မှုမှ ဘက်ထရီကုန်ကြမ်းများ ထုတ်လုပ်ခြင်းဟူသည့် ပြည့်စုံသော ကုန်ထုတ်လုပ်ငန်းကွင်းဆက် ရုပ်လုံးပေါ်လာပြီဖြစ်သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် ဗဟိုဟာမာဟယ်ရာခရိုင် Weda Bay စက်မှုဥယျာဉ် တစ်နေရာအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် ဗဟိုဟာမာဟယ်ရာခရိုင် Weda Bay စက်မှုဥယျာဉ် တစ်နေရာအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

印尼总统主持中资矿业下游化项目启动仪式

新华社雅加达10月8日电(记者曹凯)印度尼西亚总统普拉博沃8日在北马鲁古省中哈马黑拉县纬达贝工业园主持11个中资矿业下游化项目启动仪式。这些项目总投资约102亿美元,涉及动力电池、镍钴材料、电解铝、新能源工程机械及商用车制造等领域。  

普拉博沃还现场见证了园区中企电动汽车电池首次出口仪式。他表示,纬达贝工业园累计投资额已达200多亿美元,未来还计划增加70亿美元投资。该园区自开发以来已创造超过10万个就业岗位。印尼与中国合作让两国关系更加紧密,将为两国人民带来更多福祉。  

印尼投资与下游化部长罗山表示,新项目的落地将帮助印尼构建一个完整的电动汽车电池供应链生态系统,这种下游深度整合最终将有助于印尼实现全面工业化。  

纬达贝工业园由青山控股集团有限公司主导投资建设,是该公司继莫罗瓦利工业园后在印尼建设的第二个综合性工业园区。该园区于2018年启动建设,目前已形成从采矿到电池材料生产的完整产业链。(完)

图说1:10月8日,在印度尼西亚北马鲁古省中哈马黑拉县纬达贝工业园,印度尼西亚总统普拉博沃(左四)主持11个中资矿业下游化项目启动仪式。新华社记者 程一恒 摄

图说2:这是10月8日在印度尼西亚北马鲁古省中哈马黑拉县拍摄的纬达贝工业园一角。新华社记者 程一恒 摄