တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဖူတုန်း ဧရိယာရှိ ရှန်ဟိုင်း စတော့ရောင်းဝယ်ရေးဌာနကို မြင်တွေ့ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဖူတုန်း ဧရိယာရှိ ရှန်ဟိုင်း စတော့ရောင်းဝယ်ရေးဌာနကို မြင်တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)  

တရုတ်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်သည် အောက်တိုဘာ ၉ ရက်တွင် အမြင့်စျေးဖြင့်ပိတ်သိမ်းခဲ့ပြီး အဓိကစတော့ရှယ်ယာညွှန်းကိန်းဖြစ်သည့် Shanghai Composite Index သည် ၀ . ၀၅ ရာခိုင်နှုန်း မြင့်တက်ကာ ၃,၈၁၃.၇၉ မှတ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် Shenzhen Component Index သည်လည်း ၀.၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၁၂,၆၄၁. ၈၆ မှတ်ဖြင့် ပိတ်သိမ်းခဲ့သည်။

အဆိုပါညွှန်းကိန်းနှစ်ခုတွင် ပါဝင်သော စတော့ရှယ်ယာများ၏ စုစုပေါင်းအရောင်းအဝယ်တန်ဖိုးမှာ ယွမ် ၁.၉ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၂၈၂ .၁၉ ဘီလီယံခန့်) ရှိခဲ့ရာ ယခင်အရောင်းအဝယ်နေ့က ယွမ် ၁ .၆၈ ထရီလီယံရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။

ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်း၊ အဖိုးတန်သတ္တုလုပ်ငန်း၊ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းနှင့် စတော့ရှယ်ယာပွဲစားလုပ်ငန်းကဏ္ဍများတွင် ရှယ်ယာဈေးနှုန်းများ အများဆုံးမြင့်တက်ခဲ့သလို ကွန်ပျူတာဟာ့ဒ်ဝဲ၊ လေအားလျှပ်စစ်စက်ပစ္စည်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း နှင့်ဘဏ်လုပ်ငန်းကဏ္ဍများမှာမူ ရှယ်ယာဈေးနှုန်း အများဆုံးကျဆင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Nasdaq ကဲ့သို့သော တိုးတက်မှုအလားအလာရှိသည့် ကုမ္ပဏီများအတွက်ရည်ရွယ်ထားသော စတော့ရှယ်ယာဈေးကွက်ကို ကိုယ်စားပြုသည့် ChiNext ညွှန်းကိန်းမှာ အောက်တိုဘာ ၉ ရက်တွင် ၀. ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃,၀၄၃. ၃၃ မှတ်ဖြင့် ပိတ်သိမ်းခဲ့သည်။

တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဘုတ်အဖွဲ့တွင် ပါဝင်သောရှယ်ယာများ၏ စွမ်းဆောင်ရည်ကို ဖော်ပြသည့် STAR Composite Index အနေဖြင့် ၀. ၃၄ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁,၇၂၆. ၇၁ မှတ်ဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

#China #Stocks #တရုတ် #စတော့စျေးကွက်

…………………………………………….

(English version)

Chinese shares close higher Friday

BEIJING, Oct. 9 (Xinhua) -- Chinese stocks closed higher on Friday, with the benchmark Shanghai Composite Index up 0.05 percent to 3,813.79 points.

The Shenzhen Component Index closed 0.17 percent higher at 12,641.86 points.

Turnover of stocks covered by the two indices totaled about 1.9 trillion yuan (approximately 282.19 billion U.S. dollars), up from 1.68 trillion yuan on the previous trading day.

Film and television, precious metals, cybersecurity, and brokerage sectors led the gains, while computing hardware, wind power equipment, semiconductor, and banking sectors saw the biggest declines.

The ChiNext Index, tracking China's Nasdaq-style board of growth enterprises, gained 0.22 percent to close at 3,043.33 points Friday.

The STAR Composite Index, which reflects the performance of stocks on China's sci-tech innovation board, closed 0.34 percent lower at 1,726.71 points.

Photo caption: File photo shows an exterior view of the Shanghai Stock Exchange at Pudong New Area in Shanghai, east China. (Xinhua)