တရုတ်ကမ်းခြေစောင့်တပ် ဆန်းတူးစစ်သင်္ဘောမှ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တစ်ဦးက အနီးအနားရှိ ငါးဖမ်းလှေများကို မှန်ပြောင်းဖြင့် စောင့်ကြည့်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကမ်းခြေစောင့်တပ် ဆန်းတူးစစ်သင်္ဘောမှ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်တစ်ဦးက အနီးအနားရှိ ငါးဖမ်းလှေများကို မှန်ပြောင်းဖြင့် စောင့်ကြည့်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်ဘက်မှ ပုဂ္ဂိုလ်အချို့သည် အမှန်တရားကို လျစ်လျူရှုကာ အခြေအနေအပေါ်လိုရာဆွဲ၍ တရုတ်ဘက်ကိုပင် ပြန်လည်အပြစ်တင်နေခြင်းမှာ အလွန်အမင်း စက်ဆုပ်ဖွယ် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မည်သည့် ရန်လိုသော စိန်ခေါ်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်ပြီး ကိုယ်ပိုင်နယ်မြေပိုင်နက်အချုပ်အခြာအာဏာနှင့် ပင်လယ်မုဒ္ဒရာဆိုင်ရာအခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၈ ရက် နံနက်တွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သည် တရုတ်ကမ်းခြေစောင့်တပ်၏ ရေအမြောက်ဖြင့် ပစ်ခတ်ခြင်းနှင့် အန္တရာယ်များသော သင်္ဘောမောင်းနှင်မှုပုံစံများဖြင့် ဟန့်တားနှောင့်ယှက်မှုများကို ရင်ဆိုင်ရသည့် အခြေအနေတွင်ပင် ရန်အိုက်သောင်စွယ်၌ သောင်တင်ရပ်နားထားသော စစ်သင်္ဘောပေါ်မှ ဒဏ်ရာရသူတစ်ဦးအား ဆေးကုသရန် ရွှေ့ပြောင်းပို့ဆောင်မှုတာဝန်ကို ပြီးမြောက်ခဲ့သည်ဟု ဆိုခဲ့ရာ တရုတ်ဘက်အနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

မော်နင်က တရုတ်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူသည် သက်ဆိုင်ရာ ဖြစ်စဉ်၏ စစ်မှန်သောအခြေအနေကို ထုတ်ပြန်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်းသည် အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် တရုတ်ဘက်၏ ခွင့်ပြုချက်မရဘဲ တရုတ်နိုင်ငံ နန်ရှားကျွန်းစု ရန်အိုက်သောင်စွယ်အနီးရှိ ပင်လယ်ပြင်သို့ ကျူးကျော်ဝင်ရောက်ခဲ့ရာ တရုတ်ကမ်းခြေစောင့်တပ်က ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မှုအစီအမံများ ပြုလုပ်ခဲ့ခြင်းသည် တရားမျှတ၍ ကျိုးကြောင်းဆီလျော်ကြောင်း၊ နောက်ပိုင်းတွင် နှစ်ဖက် ဆွေးနွေးညှိနှိုင်းပြီးနောက် တရုတ်ဘက်သည် လူသားချင်းစာနာထောက်ထားမှုကို ထည့်သွင်းစဉ်းစားကာ ဖိလစ်ပိုင်ဘက်အား ဒဏ်ရာရသူကို လှေငယ်ဖြင့် ကူးပြောင်းသယ်ယူပို့ဆောင်ရန် ပထမဆုံးအချိန်တွင် ခွင့်ပြုပေးခဲ့သည့်အပြင် လိုအပ်သော အဆင်ပြေချောမွေ့မှုများကိုလည်း ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

“ဖိလစ်ပိုင်ဘက်က ပုဂ္ဂိုလ်အချို့ဟာ ကျေးဇူးမတင်တဲ့အပြင် အမှန်တရားကို လျစ်လျူရှုတယ်၊ အခြေအနေကိုလိုရာဆွဲပြီးဖော်ပြတယ်၊ တရုတ်ဘက်ကိုတောင် ပြန်ပြီးအပြစ်တင်နေတာဟာ အငြင်းပွားမှုတွေဖြစ်အောင် တမင်လုပ်ဖို့၊ လူအများအာရုံစိုက်အောင် ကြိုးပမ်းဖို့ သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို နောက်တစ်ကြိမ် ဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရန်လိုတဲ့ ဘယ်စိန်ခေါ်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်ပြီး မိမိရဲ့နယ်မြေပိုင်နက်အချုပ်အခြာအာဏာနှင့် ပင်လယ်မုဒ္ဒရာဆိုင်ရာအခွင့်အရေးနှင့် အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်သွားမှာပါ” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

.......................................

(Chinese Version)

外交部:菲方罔顾事实 中方将坚决回应任何恶意挑衅

新华社北京10月9日电(记者万倩仪、邵艺博)外交部发言人毛宁9日表示,菲方个别人士罔顾事实、断章取义,对中方倒打一耙,令人不齿。中方将坚决回应任何恶意挑衅,坚定捍卫自身领土主权和海洋权益。

当日例行记者会上,有记者问:据报道,菲律宾海岸警卫队发言人称,8日上午,菲海警在遭到中国海警水炮及危险机动干扰的情况下,完成对仁爱礁“坐滩”军舰上1名伤员的医疗后送任务。中方对此有何评论?

毛宁表示,中国海警局新闻发言人已发表谈话,介绍有关事态的真实情况。8日早晨,菲律宾一艘海警船在未经中方允许的情况下,侵入中国南沙群岛仁爱礁附近海域,中国海警依法依规采取处置措施,正当合理。后经双方沟通,中方出于人道主义考虑,第一时间允许菲方采取小艇过驳方式转运伤员,并提供了必要便利。

“菲方个别人士非但不领情,还罔顾事实、断章取义,对中方倒打一耙,再次暴露其挑事生非、哗众取宠的真实目的,令人不齿。中方将坚决回应任何恶意挑衅,坚定捍卫自身领土主权和海洋权益。”毛宁说。(完)

图说:2026年3月6日,海警三都舰执法员用望远镜观察附近渔船。新华社记者 张睿 摄