ရုရှားနိုင်ငံ မော်စကိုမြို့တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရပြီး ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/Tass)
ရုရှားနိုင်ငံ မော်စကိုမြို့တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရပြီး ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/Tass)

ကိဗ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံရှိ ဒေတာစင်တာတစ်ခုနှင့် ဒုံးကျည်ပစ်လွှတ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဒုံးပျံလောင်စာထုတ်လုပ်ရေးတို့နှင့် ဆက်စပ်နေသည့် အဆောက်အအုံအချို့ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းဘက်က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။

ယူကရိန်းကာကွယ်ရေးကုမ္ပဏီ Fire Point က ၎င်းတို့၏ FP-1 မောင်းသူမဲ့လေယာဉ်များသည် ရုရှားနိုင်ငံ Kaluga ဒေသရှိ Grabtsevo စက်မှုဇုန်အတွင်းရှိ Yandex ဒေတာစင်တာကို တိုက်ခိုက်ခဲ့ပြီး ယင်းစင်တာ၏ အစိတ်အပိုင်းအချို့ကို လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိအောင် ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒီဇိုင်းအရ လျှပ်စစ်ဓာတ်အား ၆၃ မဂ္ဂါဝပ်အထိ အသုံးပြုနိုင်သည့် အဆိုပါဒေတာစင်တာသည် Yandex ကုမ္ပဏီ၏ အကြီးဆုံးဒေတာစင်တာဖြစ်ကြောင်း Fire Point က Telegram လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံးကလည်း ရုရှားနိုင်ငံ Nizhny Novgorod ဒေသရှိ V.P. Barmin ဒုံးကျည်ပစ်လွှတ်ရေးစနစ်များ သုတေသနအင်စတီကျုနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ဖျက်ဆီးရေးစင်တာတို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Kh-55 နှင့် Kh-101 ခရုဇ်ဒုံးကျည်များတွင် အသုံးပြုသည့် လောင်စာဆိုင်ရာ အစိတ်အပိုင်းများ ထုတ်လုပ်သည့် ရုရှားနိုင်ငံ Tver ဒေသရှိ Redkino စမ်းသပ်ထုတ်လုပ်ရေးစက်ရုံကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်ရုံးက ဆိုသည်။

မီဒီယာများ၏ ဖော်ပြချက်အရ စက်တင်ဘာလလယ်ပိုင်းမှစတင်၍ ရုရှားတပ်ဖွဲ့များသည်လည်း ယူကရိန်းနိုင်ငံရှိ ဒေတာစင်တာများနှင့် အခြားဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------------

(English Version)

Ukraine says it struck Russian data center, military-linked facilities

KIEV, Oct. 9 (Xinhua) -- Ukrainian forces struck a data center and several facilities in Russia linked to missile launch infrastructure and rocket fuel production, according to Ukrainian statements released Friday.

Ukrainian defense company Fire Point said its FP-1 drones struck a Yandex data center in the Grabtsevo industrial park in Russia's Kaluga region, disabling several of its modules.

The facility, with a design capacity of 63 megawatts, is Yandex's largest data center, Fire Point said in a Telegram post.

The General Staff of the Ukrainian Armed Forces said strikes also hit the V.P. Barmin Research Institute of Launch Complexes and the intercontinental Ballistic Missile Elimination Centre, both in Russia's Nizhny Novgorod region, as well as the Redkino Experimental Plant in the Tver region, which produces components of fuel used in Kh-55 and Kh-101 cruise missiles.

Since mid-September, Russian forces have also targeted data centers and other digital infrastructure in Ukraine, according to media reports.

图说:这是7月30日在俄罗斯莫斯科拍摄的被无人机袭击的建筑。新华社/塔斯社