ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁၀ ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ဗြိတိန် ဝန်ကြီးချုပ် စတားမား (ဝဲ) နှင့် ယူကရိန်း သမ္မတ    ဇယ်လန်းစကီးတို့ကို  ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်က အတူတွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁၀ ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ဗြိတိန် ဝန်ကြီးချုပ် စတားမား (ဝဲ) နှင့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့ကို ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်က အတူတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်၊ ယူကရိန်းနှင့် ဥရောပမှ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၉ ရက်တွင် ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆောင်းရာသီမတိုင်မီ ရုရှား-ယူကရိန်း နှစ်နိုင်ငံတင်းမာမှုများကို ဖြေလျှော့ရန်၊ ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေးအတွက် လမ်းကြောင်းများကို တွန်းအားပေးရန် “အပြုသဘောဆောင်သော” ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ၏ အထူးသံတမန် Steve Witkoff က ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပကော်မရှင်၊ ယူကရိန်းနှင့် နေတိုး (NATO) မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း Witkoff က ဖော်ပြခဲ့သည်။ ဆွေးနွေးမှုများ၏ အကြောင်းအရာများတွင် စွမ်းအင်နှင့် စားနပ်ရိက္ခာ စသည့် ဆောင်းရာသီဖြတ်သန်းရန် ပြင်ဆင်မှုနှင့် သက်ဆိုင်သော လတ်တလောအစီအမံများ၊ လုံခြုံရေးအာမခံချက်များ၊ ယူကရိန်း၊ ဥရောပလုံခြုံရေးနှင့် ပတ်သက်သော ရေရှည်အစီအစဉ်များ ပါဝင်သည်။  ဥရောပသမဂ္ဂ (EU) သို့ ယူကရိန်း ဝင်ရောက်ခြင်း အပါအဝင် ယူကရိန်း၏ စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေး စည်ပင်ဝပြောရေးတို့အတွက် ပံ့ပိုးကူညီရန် ကိစ္စရပ်များကိုလည်း ဘက်အသီးသီးက ဆွေးနွေးခဲ့ကြသည်။

ယခုအကြိမ် ဖလှယ်ဆွေးနွေးမှုသည် အကျိုးဖြစ်ထွန်းပြီး အမေရိကန်-ရုရှား နောက်တစ်ကြိမ် ဆက်သွယ်ဆွေးနွေးမှုမပြုလုပ်မီ ကြိုတင်၍ ရှေ့ဆက်ဆွေးနွေးရန်လိုအပ်သည့် နယ်ပယ်များကို သတ်မှတ်ရန် အထောက်အကူဖြစ်သည်ဟု Witkoff က ဆိုခဲ့သည်။ တက်ရောက်လာသည့် ဘက်အသီးသီးက သံတမန်ရေးရာ ကြိုးပမ်းမှုများမှတစ်ဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိရန်နှင့် လုံခြုံရေးအာမခံချက်များကို အားကောင်းစေရန် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။  

ယူကရိန်း စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် အောက်တိုဘာ ၉ ရက်တွင် အမေရိကန်၌ Witkoff နှင့် အမေရိကန်သမ္မတ ထရမ့်၏ သမက်ဖြစ်သူ Jared Kushner တို့နှင့်အတူ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယူကရိန်းဘက်မှ စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်များတွင် သမ္မတရုံးအကြီးအကဲ Kyrylo Budanov၊ သမ္မတရုံး ဒုတိယအကြီးအကဲ(၁) Kyslytsya ၊ ပြည်သူ့ဝန်ထမ်းပါတီလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ Arakhamia၊ ပြည်ပထောက်လှမ်းရေးရုံး အကြီးအကဲ Umerov တို့ ပါဝင်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အောက်တိုဘာ ၈ ရက်တွင် မီဒီယာများထံ ပြောကြားခဲ့သည်။ (Xinhua)

..............................................

(Chinese Version)

美总统特使:美乌欧商讨冬季前缓和俄乌局势

新华社华盛顿10月9日电(记者黄强 徐剑梅)美国总统特使威特科夫9日在社交媒体发文说,美国、乌克兰和欧洲的代表当天在佛罗里达州迈阿密举行会晤,就推动在冬季前缓和俄乌局势、结束冲突并实现持久和平的途径进行了“建设性”讨论。  

威特科夫说,参加会晤的有美国、英国、法国、德国、欧盟委员会、乌克兰和北约的代表。讨论议题涵盖了能源和粮食等与越冬准备相关的近期措施、安全保障、有关乌克兰和欧洲安全的长期安排等。各方还讨论了支持乌克兰战后重建和实现经济繁荣,包括其加入欧盟的相关问题。  

威特科夫说,此次交流富有成效,有助于在美俄下一次接触前确定有待进一步探讨的领域。与会各方重申,将继续共同致力于通过外交努力实现持久和平,增强安全保障。  

乌克兰总统泽连斯基8日向媒体表示,乌方谈判团队9日将在美国与威特科夫和美国总统特朗普女婿库什纳就乌克兰危机举行新一轮会谈。乌方谈判代表包括总统办公室主任布达诺夫、总统办公室第一副主任基斯利察、人民公仆党议会党团主席阿拉哈米亚、对外情报局局长乌梅罗夫。(完)

图说:6月7日,在英国伦敦唐宁街10号首相府前,英国首相斯塔默(左)与乌克兰总统泽连斯基合影。新华社发(史蒂芬·程摄)