တရုတ်နိုင်ငံ ဆန်းချိုးမြို့မှ ရှုံအန်းဧရိယာသစ်သို့ ပြေးဆွဲနေသည့် မြန်နှုန်းမြင့်ရထား အမှတ် G3946 ရထား စတင်ပြေးဆွဲခြင်း အထိမ်းအမှတ်ကတ်များ ပြသနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းချိုးမြို့မှ ရှုံအန်းဧရိယာသစ်သို့ ပြေးဆွဲနေသည့် မြန်နှုန်းမြင့်ရထား အမှတ် G3946 ရထား စတင်ပြေးဆွဲခြင်း အထိမ်းအမှတ်ကတ်များ ပြသနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မီးရထားအင်ဂျင်နီယာတစ်ဦးဖြစ်သူ လျိုကျန်းယွမ် သည် ရင်းနှီးကျွမ်းဝင်နေသော လယ်ကွင်းများကို ရထားပြတင်းပေါက်မှတစ်ဆင့် ကြည့်ရှုနေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားနေခြင်းမဟုတ်ဘဲ ၎င်းကိုယ်တိုင် တည်ဆောက်ရေးတွင် ပါဝင်ကူညီခဲ့သည့် မြန်နှုန်းမြင့်ရထားလမ်း စတင်ဖွင့်လှစ်ပြီး ရက်ပိုင်းမျှအကြာ၌ အမျိုးသားနေ့အားလပ်ရက်အတွက် နေရပ်ပြန်နေခြင်းဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်တွင် တရားဝင်စတင်ပြေးဆွဲခဲ့သော အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်နှင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ ဆန်းချိုးမြို့တို့ကို ဆက်သွယ်ထားခြင်းဖြစ်သည်။ လျိုအတွက်မူ ယင်းရထားလမ်းကြောင့် ဟဲပေပြည်နယ်ရှိ ၎င်း၏အလုပ်လုပ်ရာ ရန့်ချိုးမြို့မှ တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ၎င်း၏ဇာတိမြို့ ဟယ်ကျယ် သို့ သွားလာချိန်မှာ ယခင်က လေးနာရီ သို့မဟုတ် ငါးနာရီအထိ ကြာမြင့်ခဲ့ရာမှ ယခုအခါ နှစ်နာရီ သာကြာတော့သည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံ၌ အခြားသော မြန်နှုန်းမြင့်ရထားလမ်းပိုင်း သုံးခုဖြစ်သော တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ရှီးအန်းမြို့နှင့် အန်းခန်း မြို့တို့ကို ဆက်သွယ်ပေးသည့် ရထားလမ်း၊ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ရီချန်းမြို့နှင့် ရှင်းဆန်းမြို့တို့ကို ဆက်သွယ်ပေးသည့် ရထားလမ်းနှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ဟားအယ်ပင်းမြို့နှင့် ရီးချွမ်းမြို့တို့ကို ဆက်သွယ်ပေးသည့် ရထားလမ်း စသည်တို့ကိုလည်း ဖွင့်လှစ်ခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း အဆိုပါ ရထားလမ်းသစ်များကြောင့် ပြည်သူများအနေဖြင့် ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် ပိုမိုလွယ်ကူအဆင်ပြေလာခဲ့သလို ရထားလမ်းကြောင်းများတစ်လျှောက်ရှိ ခရီးသွားလုပ်ငန်းများကိုလည်း တွန်းအားသစ်များ ပိုမိုဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261009/eef8cf8f2eca4cffb782bb287817add5/c.html

……………………

(English Version)

China Focus: New high-speed rail lines carry holiday crowds, energize Chinese cities

BEIJING, Oct. 9 (Xinhua) -- Liu Zengyuan, a railway engineer, watched familiar fields slip past the train window. This time, he was not heading to a construction site, but going home for the National Day holiday on the high-speed line he had helped build, just days after it opened.

This line, which officially entered service on Sept. 28, links Xiong'an in north China's Hebei Province with Shangqiu in Henan Province in central China. For Liu, it has cut the trip from Renqiu, his workplace in Hebei, to his hometown of Heze in east China's Shandong Province, from four or five hours to only two.

On the same day, China opened three other high-speed rail sections, connecting Xi'an with Ankang in Shaanxi Province in northwest China, Yichang with Xingshan in central China's Hubei Province, and Harbin with Yichun in Heilongjiang Province in the country's northeast. During the National Day holiday, from Oct. 1 to Oct. 7, these new lines made it easier for people to visit relatives, and brought new vitality to tourism along the routes.

https://english.news.cn/20261009/eef8cf8f2eca4cffb782bb287817add5/c.html

Photo caption : Passengers show the commemorative cards for the inaugural high-speed train G3946, which runs from Shangqiu to Xiong'an, Sept. 28, 2026. (Photo by Wang Wei/Xinhua)