
မနီလာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ Kanlaon မီးတောင်သည် အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဗေဒဌာနက ပြောကြားခဲ့သည်။
အဆိုပါဌာန၏ ပြောကြားချက်အရ Negros ကျွန်းပေါ်ရှိ Kanlaon မီးတောင်တွင် ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်က ပြင်းအားအလယ်အလတ်ရှိသည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးတောင်ပေါက်ကွဲမှုမှာ နှစ်မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်းသိရသည်။
မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မီးတောင်ထိပ်ဝမှ ကီလိုမီတာ ၅ ကီလိုမီတာမှ ၆ ကီလိုမီတာအထိ မြင့်မားသော ပြာမှုန်တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး မီးတောင်ပြာများမှာ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ လွင့်မျောနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Kanlaon မီးတောင်ကို သတိပေးချက် အဆင့် ၂ အဖြစ် ဆက်လက်သတ်မှတ်ထားပြီး အမြင့်ဆုံးသတိပေးချက်မှာ အဆင့် ၅ ဖြစ်သည်။
ဖိလစ်ပိုင်ကျွန်းစုသည် ပစိဖိတ်မီးစက်ဝန်းဒေသပေါ်တွင် တည်ရှိပြီး ငလျင်လှုပ်ခတ်မှုများနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)
…………….
(English Version)
Kanlaon volcano in central Philippines erupts
MANILA, Oct. 10 (Xinhua) -- Mount Kanlaon Volcano in the central Philippines erupted just over noon Saturday, the Philippine Institute of Volcanology and Seismology said.
According to the institute, a "moderately explosive eruption" occurred at Mount Kanlaon Volcano in Negros Island at 12:46 p.m. local time Saturday. The eruption lasted for about two minutes.
The institute said the event generated a plume that rose 5 km to 6 km above the crater. The ashfall is expected to drift north and northeast.
Alert Level 2 is maintained over Mount Kanlaon volcano, with Level 5 the highest in scale.
The Philippine archipelago straddles the Pacific "Ring of Fire" and is prone to earthquakes and volcanic eruptions.
Photo caption: Mount Kanlaon spews volcanic material on the island of Negros, the Philippines, April 8, 2025. (PHIVOLCS/Handout via Xinhua)








