
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လွတ်လပ်သော ပါပူအာ နယူးဂီနီနိုင်ငံ ဘုရင်ခံချုပ် Bob Dadae တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့်အတွက် အောက်တိုဘာ ၁၂ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြသည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ပါပူအာ နယူးဂီနီနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ကျွန်းစုနိုင်ငံများ ဒေသတွင် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီအစ်ကိုကောင်းဖြစ်ကြောင်း ထောက်ပြခဲ့ပြီး နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး တည်ထောင်မှု ရာစုနှစ်တစ်ဝက်ကြာသည့် ကာလအတွင်း နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် နက်ရှိုင်းလာသည့်အပြင် အပြန်အလှန်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအသီးအပွင့်များပေါ်ထွက်လာပြီး ယဉ်ကျေးမှုဖလှယ်သည့်နယ်ပယ်ကျယ်ပြန့်လာကာ အပြန်အလှန်ဆက်ဆံရေး သိသိသာသာ တိုးတက်ကောင်းမွန်လာသောကြောင့် ယင်းသည် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုသည့်အပြင် တရုတ်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာကျွန်းစုနိုင်ငံများနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ထောင်ရန် အားကောင်းလာကြောင်း ပြောဆိုခဲ့သည်။
ရှီကျင့်ဖိန်က မိမိအနေဖြင့် တရုတ်နိုင်ငံနှင့် ပါပူအာ နယူးဂီနီနိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ ဘုရင်ခံချုပ် Bob Dadae နှင့်အတူကြိုးပမ်း၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အခါသမယကိုအခွင့်အရေးတစ်ရပ်အဖြစ်ထားရှိကာ ရှိရင်းစွဲချစ်ကြည်မှု ရှေ့ဆက်တိုးတက်စေရန်၊ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုများ မြှင့်တင်ရန်၊ တရုတ်-ပါပူအာ နယူးဂီနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ ထပ်မံတက်လှမ်းမှုကို ဦးဆောင်ရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆောင်ရွက်သွားလိုကြောင်း အလေးထား ပြောကြားခဲ့သည်။
Bob Dadae က သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၅၀ ကာလအတွင်း ပါပူအာ နယူးဂီနီနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက်ဆံရေးသည် ရေရှည်တိုးတက်မှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါပူအာ နယူးဂီနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဆက်ဆံရေးကို များစွာတန်ဖိုးထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာ လိုက်နာကျင့်သုံးပါကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အခါသမယတွင် နှစ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းတိုးတက်လာစေမှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်ကလည်း ပါပူအာ နယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် James Marape နှင့် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
လီချန်က တရုတ်နိုင်ငံအနေဖြင့် ပါပူအာ နယူးဂီနီနိုင်ငံနှင့်အတူ ကြိုးပမ်းပြီး သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အခါသမယကိုအခွင့်အရေးတစ်ရပ်အဖြစ်ထားရှိကာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်မှုကို အရှိန်မြှင့်တွန်းအားပေး ဖော်ဆောင်ပြီး တရုတ်-ပါပူအာ နယူးဂီနီ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်လာစေရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
James Marape က ပါပူအာ နယူးဂီနီနိုင်ငံ အစိုးရအနေဖြင့် တရုတ်နိုင်ငံက ပါပူအာ နယူးဂီနီနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးသော ပံ့ပိုးမှုများကို အလွန်တန်ဖိုးထားပါကြောင်း၊ ပါပူအာ နယူးဂီနီနိုင်ငံအနေဖြင့် ကာလကြာရှည်စွာ အခိုင်အမာလက်ကိုင်ထားခဲ့သည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ဆက်လက်စောင့်ထိန်းကာ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံအပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် တိုးတက်လာစေရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
习近平同巴布亚新几内亚总督达达埃就中巴新建交50周年互致贺电 李强同巴新总理马拉佩互致贺电
新华社北京10月12日电 10月12日,国家主席习近平同巴布亚新几内亚独立国总督达达埃互致贺电,庆祝两国建交50周年。
习近平指出,巴新是中国在太平洋岛国地区的好朋友、好伙伴、好兄弟。两国建交半个世纪以来,政治互信不断深化,互利合作成果丰硕,人文交流日益拓展,双边关系长足发展,不仅造福了两国人民,也为构建中国同太平洋岛国命运共同体注入强劲动力。
习近平强调,我高度重视中国同巴新关系发展,愿同达达埃总督一道努力,以两国建交50周年为契机,赓续传统友好,加强各领域交流合作,引领中巴新全面战略伙伴关系再上新台阶,更好惠及两国人民。
达达埃表示,建交50年来,巴新同中国关系取得长足发展,惠及两国和两国人民。巴新珍视同中国的长期友谊,坚定恪守一个中国原则,期待以两国建交50周年为契机,推动双边关系持续深入发展。
同日,国务院总理李强同巴新总理马拉佩互致贺电。李强表示,中方愿同巴新方一道努力,以建交50周年为契机,加快推进高质量共建“一带一路”,推动中巴新全面战略伙伴关系不断向前发展。
马拉佩表示,巴新政府高度赞赏中国为巴新经济社会发展所作重大贡献。巴新方将继续恪守长期坚持的一个中国原则,同中方深化各领域互利合作,推动双方全面战略伙伴关系不断发展。(完)
图说:2018年11月16日,国家主席习近平在莫尔兹比港会见巴布亚新几内亚总督达达埃。 新华社记者 鞠鹏 摄








