ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ လူဗာပြတိုက်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ လူဗာပြတိုက်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၁၃  ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ စူပါမားကတ် ရာပေါင်းများစွာသည် ယမန်နေ့ညပိုင်းတွင် ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရသည်ဟု ပြင်သစ် BFMTV ချန်နယ်က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။ ဟက်ကာများသည် အအေးပေးစက်ပစ္စည်းများကို အဝေးမှ ထိန်းချုပ်ကာ အပူချိန်ကို ပုံမှန်မဟုတ်ဘဲ မြင့်တက်စေသဖြင့် လတ်ဆတ်သော ကုန်ပစ္စည်းများနှင့် အေးခဲထားသော ကုန်ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံတစ်ဝန်း ဆုံးရှုံးမှုတန်ဖိုးမှာ ယူရိုသန်းပေါင်းများစွာအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

သတင်းအရ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရသည့် စူပါမားကတ် ရာပေါင်းများစွာသည် အဓိကအားဖြင့် Intermarché ၊ Cooperative U စသည့် အကြီးစား လက်လီရောင်းချရေး ကုန်အမှတ်တံဆိပ်များမှ ဆိုင်များဖြစ်ကြသော်လည်း အချို့သော သီးခြားလည်ပတ်သည့် ဆိုင်များ၊ အထူးသဖြင့် အသားဆိုင်များလည်း ထိခိုက်မှုရှိနိုင်သည်။ ဤဆိုက်ဘာတိုက်ခိုက်မှု၏ ပစ်မှတ်မှာ သက်ဆိုင်ရာ စူပါမားကတ်များတွင် တပ်ဆင်ထားသော ဒိန်းမတ်ကုမ္ပဏီ Danfoss မှ ထုတ်လုပ်သည့် အအေးပေးစနစ် ထိန်းချုပ်မှု ကိရိယာများ ဖြစ်သည်။ ထိုကုမ္ပဏီ၏ အအေးပေးစက်ပစ္စည်းများတွင် အလိုအလျောက် ရေခဲနှင်းဖယ်ရှင်းစနစ်ပါရှိသည်။ ယင်းဖြစ်ရပ်ဖြစ်ပွားသည့်ညတွင် ဟက်ကာများသည် ထိုလုပ်ဆောင်ချက်ကို အသုံးပြု၍ စက်ပစ္စည်းများကို ရေခဲနှင်းဖယ်ရှင်းသည့် အခြေအနေတွင် အဆက်မပြတ် လည်ပတ်စေခဲ့သည့်အပြင် အပူချိန်ကို ၅၀ ဒီဂရီ စင်တီဂရိတ်အထိ မြှင့်တင်သတ်မှတ်ခဲ့သဖြင့် လတ်ဆတ်သော ကုန်ပစ္စည်းများနှင့် အေးခဲထားသော ကုန်ပစ္စည်းအမြောက်အမြား ပျက်စီးခဲ့သည်။

Cooperative U ၏ တာဝန်ရှိသူ Dominique Schelcher က လူမှုမီဒီယာ X ပလက်ဖောင်းပေါ်တွင် ယခုအကြိမ် ဟက်ကာတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ပြင်သစ်အစားအစာ ထောက်ပံ့မှု၏ အဓိကပစ္စည်းများအပေါ် တိုက်ခိုက်မှုမှာ “အလွန်ဆိုးရွားပြီး ယခင်က မကြုံစဖူးသော ခြိမ်းခြောက်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ် အမျိုးသား သတင်းအချက်အလက်စနစ် လုံခြုံရေးအေဂျင်စီက Danfoss ကုမ္ပဏီမှ ထောက်ပံ့ပေးသော ဆော့ဖ်ဝဲတွင် အားနည်းချက် ရှိသည်ကို အတည်ပြုခဲ့ပြီး ဆော့ဖ်ဝဲ တီထွင်သူနှင့် ဆက်သွယ်မှု ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ထိုအေဂျင်စီသည် ဥရောပ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ် ထိန်းသိမ်းထားပြီး ပြင်သစ်နိုင်ငံအတွင်း အခြား ထိခိုက်နိုင်ခြေရှိသော စီးပွားရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………..

(Chinese Version)

法国数百家超市制冷系统遭网络攻击

新华社巴黎10月12日电(记者罗毓)法国商业调频电视台12日说,该国数百家超市在前一晚遭到网络攻击。黑客远程操控制冷设备使其温度异常升高,导致大量生鲜及冷冻产品被毁,全国范围内的损失可能高达数百万欧元。  

据报道,遭网络攻击的数百家超市主要属于安特马尔谢、U合作社等大型连锁零售品牌,一些独立商店尤其是肉类商店也可能受到影响。此次网络攻击目标是涉事超市配备的丹麦制造商丹福斯的制冷控制系统。该公司制冷设备配有自动除霜系统。事发当晚,黑客利用该功能强制设备持续除霜,并将设定温度调至50摄氏度,造成大量生鲜及冷冻产品被毁。  

U合作社负责人多米尼克·舍尔歇尔在社交媒体X平台上证实了此次黑客攻击,并表示攻击对法国食品供应的关键设备“构成极其严重的威胁,而且前所未有”。  

据悉,法国国家信息系统安全局已确认丹福斯公司提供的软件存在漏洞,并已与软件开发商取得联系。该机构正与欧洲同行保持联系,同时排查法国境内其他可能受到影响的企业。(完)

图说:这是5月7日在法国巴黎拍摄的卢浮宫博物馆。新华社记者 邬惠我 摄