ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Turki Al-Maliki က နောက်ဆုံးအခြေအနေများကို ရှင်းလင်းပြောကြားနေသည်ကို အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Turki Al-Maliki က နောက်ဆုံးအခြေအနေများကို ရှင်းလင်းပြောကြားနေသည်ကို အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အောက်တိုဘာလမှစ၍ ရီယတ်မြို့ရှိ ဘုရင် ခါလစ် (King Khalid) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်တပ်ဖွဲ့များက တိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၁၇ ဦး သေဆုံးကာ ၃၃၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆော်ဒီ ဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Turki Al-Maliki က အောက်တိုဘာ ၁၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဤသည်မှာ ညွန့်ပေါင်းတပ်ဖွဲ့က မကြာသေးမီကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်သည်။ Maliki က ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ဘုရင် ခါလစ် (King Khalid) အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အခြားနေရာအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်မှုအခြေအနေများနှင့် ဟူသီလက်နက်ကိုင်တပ်ဖွဲ့အပေါ် ညွန့်ပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုအခြေအနေများကို အဓိကထား ဖော်ပြတင်ပြခဲ့သည်။

Maliki က အရပ်ဘက်သုံးလေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဆော်ဒီအာရေဗျနိုင်ငံ၏ လုံခြုံမှုကို ဖျက်ဆီးခြင်းသာမက နိုင်ငံတကာ အရပ်ဘက်လေကြောင်း လုံခြုံရေးကိုလည်း ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤကဲ့သို့သော နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။

ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် ဒေသတွင်း ဘက်ပေါင်းစုံ၏ အကူအညီဖြင့် အဆင့်မြင့်နည်းပညာများ ရရှိထားပြီး “ပဲ့ထိန်းဒုံးကျည်၊ တိုက်ခိုက်ရေး နှင့် အသေခံဒရုန်းများ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ တင်ဆောင်ထားသည့် အမြန်ရေယာဉ်များကို ပိုင်ဆိုင်သည့် ပထမဆုံး အကြမ်းဖက်အဖွဲ့အစည်း” ဖြစ်လာကြောင်း၊ ၎င်းက အဆင့်မြင့်နည်းပညာနှင့် လက်နက်များ ထပ်မံမရရှိနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးသင့်ကြောင်း Maliki က ဆိုသည်။

ညွန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံအတွင်း တောင်ထူထပ်သော ဆန်နား၊ ဆာဒါနှင့် အမ်ရန် စသည့်နေရာများတွင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့က တည်ထောင်ထားသည့် သိုလှောင်ရေးကွန်ရက်များကို ဖျက်ဆီးရန် စတင်လုပ်ဆောင်နေပြီး ယင်းတို့တွင် သိုလှောင်ရာနေရာ ၁၂၇ ခု နှင့် ဒုံးကျည်ပစ်လွှတ်ရေးစင်အများအပြား ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ဟူသီလက်နက်ကိုင်တပ်ဖွဲ့အား အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအားလုံးကို ချက်ချင်း ရပ်တန့်ရန် ၎င်းက တောင်းဆိုခဲ့သည်။ (Xinhua)

……………………………………….

(Chinese Version)

沙特称胡塞武装袭击利雅得机场共致17死333伤

新华社利雅得10月15日电(记者罗晨 王海洲)沙特阿拉伯主导的多国联军发言人图尔基·马利基15日在沙特首都利雅得举行的新闻发布会上说,也门胡塞武装10月以来对利雅得哈立德国王国际机场的袭击共造成17人死亡、333人受伤。  

这是联军近期首次举行新闻发布会。马利基重点通报了胡塞武装针对哈立德国王国际机场及其他多地的袭击情况,以及联军对胡塞武装的打击情况。  

马利基强调,针对民用机场的袭击不仅破坏沙特安全,也威胁国际民用航空安全。因此,国际社会有责任应对此类跨境威胁。  

马利基称,胡塞武装在地区多方协助下获得先进技术,“成为首个拥有弹道导弹、攻击型和自杀式无人机以及装载炸药快艇的恐怖组织”。国际社会应阻止其进一步获取先进技术和武器。  

他说,联军已着手摧毁胡塞武装在也门萨那、萨达和阿姆兰等地建立的山区储存网络,包括127处储存点以及多个导弹发射平台。他呼吁胡塞武装立即停止所有针对平民和民用设施的袭击。(完)

图说:10月15日,沙特阿拉伯主导的多国联军发言人图尔基·马利基在沙特首都利雅得举行的新闻发布会上做通报。新华社记者 罗晨 摄