
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပူးပေါင်းဆောင်ရွက်မှုကို အတူတကွ မြှင့်တင်ရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ကို အတူတကွ တွန်းအားပေးရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက အောက်တိုဘာလ ၁၇ ရက်သည် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနေ့ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ စသည့်အချက်များကြောင့် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စ်ဖိုဒ်တက္ကသိုလ်တို့ ပူးပေါင်းထုတ်ပြန်သော အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် လူ ၁.၂ ဘီလီယံသည် ပြင်းထန်သော ဘက်စုံဆင်းရဲနွမ်းပါးမှု အခြေအနေတွင် နေထိုင်လျက်သည်ဟု ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကြီးမားသော ပံ့ပိုးကူညီမှုပြုခဲ့သလို ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် အဖိုးတန်သော အတွေ့အကြုံများကိုလည်း ပေးအပ်ခဲ့ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်း ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မော်နင်က တရုတ်နိုင်ငံသည် အကြွင်းမဲ့ဆင်းရဲနွမ်းပါးမှုကို သမိုင်းဝင် ပပျောက်စေခဲ့ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရည်မှန်းချက်ကို ဆယ်နှစ် စောလျင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းက ပြည်သူကို ဗဟိုပြုသော လက်တွေ့ကျသည့်ဆောင်ရွက်မှု၊ “တစ်ဦးမျှ မကျန်ရစ်စေရ” ဟူသော ပြည်သူ့လူနေမှုဘဝ နွေးထွေးမှု နှင့် လမ်းပြမြေပုံ အဆုံးတိုင်အောင် ရေးဆွဲဆောင်ရွက်သော ဇွဲလုံ့လရှိသည့် စိတ်ဓာတ်ကို သရုပ်ပြနေကြောင်း ပြောကြားခဲ့သည်။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် လူသားအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အောင်မြင်နိုင်လျှင် အခြားနိုင်ငံများသည်လည်း ထိုနည်းတူ အောင်မြင်နိုင်ကြောင်း၊ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ မြှင့်တင်လျက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၏ အဓိကပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် ၈ ခုအနက် ပထမအချက်အဖြစ် သတ်မှတ်ထားကြောင်း၊ မှိုစိုက်ပျိုးနည်းပညာ၊ မျိုးစပ်စပါး စသည့်တို့မှတစ်ဆင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ခံနိုင်ရည်ကို မြှင့်တင်ပေးလျက် ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာကို စေလွှတ်၍ နည်းပညာအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်မဟာမိတ်အဖွဲ့ ကိုလည်း စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ လက်တွေ့အတွေ့အကြုံများကို ပြန်လည်တုပအသုံးပြုနိုင်သော နိုင်ငံတကာအများပြည်သူဆိုင်ရာ ကုန်ပစ္စည်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
.............................
(Chinese Version)
外交部:中国将继续与国际社会一道共促减贫合作
新华社北京10月16日电(记者马卓言、万倩仪)外交部发言人毛宁16日表示,中国将继续与国际社会一道,共促减贫合作,共推减贫进程,实现共同发展。
当日例行记者会上,有记者问:10月17日是国际消除贫困日。受增长放缓、地缘冲突等因素影响,全球减贫事业面临不少挑战。联合国开发计划署与牛津大学联合发布的报告显示,世界有12亿人生活在严重多维贫困之中。有评论称,中国对全球减贫贡献巨大,也为全球南方提供了宝贵经验。发言人对此有何评论?
毛宁说,中国历史性消除绝对贫困,提前10年实现联合国2030年可持续发展议程减贫目标,体现了以人民为中心的务实行动、“一个也不能少”的民生温度和一张蓝图绘到底的奋斗精神。
毛宁表示,消除贫困是全人类的共同理想。中国可以成功,其他国家同样可以成功。中国积极促进减贫合作,将减贫作为全球发展倡议八大重点合作领域之首,通过菌草技术、杂交水稻等帮助全球南方国家提升发展韧性,派出数千名专家开展技术援助。中方还发起成立全球减贫与发展伙伴联盟,将中国的实践经验转化为可复制的国际公共产品。(完)
图说:1月26日,在津巴布韦中马绍纳兰省沙姆瓦地区津迪村,中国援津第四期高级农业专家组专家路普政(右)向村长韦夫森·津迪(中)和村民传授玉米种植技术。新华社记者 杨光 摄








