အီတလီနိုင်ငံ တူရင်မြို့၌ ကျင်းပသည့် တူရင်မော်တော်ကားပြပွဲတွင် BYD ကုမ္ပဏီက ပြသထားသော မော်တော်ကားတစ်စီးကို လာရောက်ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ တူရင်မြို့၌ ကျင်းပသည့် တူရင်မော်တော်ကားပြပွဲတွင် BYD ကုမ္ပဏီက ပြသထားသော မော်တော်ကားတစ်စီးကို လာရောက်ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့အကြား ဟိုက်ဘရစ်ယာဉ်များဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ခြင်းသည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေပြီး နှစ်ဖက်စလုံးအတွက် အကျိုးရှိကြောင်း၊ ဥရောပသမဂ္ဂ၏ ဖိအားပေးမှုကြောင့် ရလဒ်များ ရရှိခဲ့သည်ဆိုသည့် ပြောဆိုချက်များမှာ လုံးဝအခြေအမြစ်မရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

နှစ်ဖက်စလုံး သဘောတူညီထားသည့် အခြေခံမူသုံးရပ်ဖြစ်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းများကို လိုက်နာရေး၊ အဖြစ်မှန်ကို လေးစားလိုက်နာရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးတို့အပေါ် အခြေခံ၍ ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်သည် တရုတ်စီးပွားရေးလုပ်ငန်းများ၏ လက်တွေ့အကျိုးစီးပွားများကို ထိရောက်စွာ ကာကွယ်ပေးခဲ့သည့်အပြင် ဥရောပသမဂ္ဂ၏ စိုးရိမ်ပူပန်မှုများကိုလည်း ဖြေရှင်းပေးခဲ့ပြီး တရုတ်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ ပွတ်တိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကိုလည်း တားဆီးနိုင်ခဲ့ကြောင်း မေးခွန်းတစ်ခုကို တုံ့ပြန်ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်-ဥရောပသမဂ္ဂ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ၏ ရည်ရွယ်ချက်မှာ သဘောထားကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် နှစ်ဖက်စလုံး၏ စိုးရိမ်ပူပန်မှုများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရန်ဖြစ်ကြောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင် နှစ်ဖက်စလုံးအနေဖြင့် စိတ်ရင်းမှန်ဖြင့် ဆောင်ရွက်သင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးထားပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် ဖိအားပေးခြင်းဖြင့် အကျိုးအမြတ်ရရှိရန် မမျှော်လင့်သင့်သကဲ့သို့ မိမိ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်နှင့် စွမ်းဆောင်နိုင်စွမ်းကိုလည်း လျှော့တွက်မထားသင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်-ဥရောပသမဂ္ဂ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်ဦးနှစ်ဖက်စလုံးက တူညီသော ဦးတည်ချက်ထား၍ လျှောက်လှမ်းရန် ပြောရေးဆိုခွင့်ရှိသူက ဥရောပသမဂ္ဂကို တိုက်တွန်းခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့် ၂၀၂၃ နိုင်ငံတကာမော်တော်ကားပြပွဲ (IAA MOBILITY 2023) တွင် AVATR 12 မော်တော်ကားတစ်စီးကို လာရောက်ကြည့်ရှုနေသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့် ၂၀၂၃ နိုင်ငံတကာမော်တော်ကားပြပွဲ (IAA MOBILITY 2023) တွင် AVATR 12 မော်တော်ကားတစ်စီးကို လာရောက်ကြည့်ရှုနေသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

China dismisses claims of EU pressure yielding results in hybrid vehicle talks

BEIJING, Oct. 17 (Xinhua) -- An understanding reached by China and the European Union (EU) on hybrid vehicles is reciprocal and mutually beneficial, a spokesperson for China's Ministry of Commerce said Friday, noting that claims that EU pressure had yielded results are entirely unfounded.

The understanding, reached on the basis of three principles agreed upon by both sides -- compliance with World Trade Organization (WTO) rules, respect for facts and non-discrimination -- has effectively safeguarded the practical interests of Chinese enterprises, addressed the EU's concerns and prevented an escalation of China-EU trade frictions, the spokesperson said in response to a question.

The purpose of China-EU economic and trade consultations is to properly handle differences and address each other's concerns through dialogue and consultation, the spokesperson said, stressing that both sides should demonstrate sincerity in resolving problems.

The EU should not expect to gain benefits by exerting pressure, nor should it underestimate China's determination and ability to safeguard its own interests, the spokesperson said.

The spokesperson urged the EU to meet China halfway and promote the sound and steady development of China-EU economic and trade relations.  

Photo Caption 1 :Visitors view an exhibit car of BYD at Turin Auto Show in Turin, Italy, Sept. 27, 2025. (Xinhua/Li Jing)

Photo Caption 2 :People view an AVATR 12 during the 2023 International Motor Show, officially known as the IAA MOBILITY 2023, in Munich, Germany, Sept. 5, 2023.(Xinhua/Zhang Fan)