
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၆ ရက်တွင် ဟူနန်တက္ကသိုလ် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဝန်ထမ်းများနှင့် ကျောင်းသားဟောင်းများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားကာ နှုတ်ခွန်းဆက်သခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ဟူနန်တက္ကသိုလ်သည် ယခုသမိုင်းမှတ်တိုင်သစ်မှစ၍ ခေတ်သစ်တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် လက်ကိုင်ထားပြီး ထွန်းပြောင်သည့်တော်လှန်ရေးအစဉ်အလာကိုဆက်ခံရင်း နှစ်ပေါင်းထောင်ချီသက်တမ်းရှိခဲ့သည့် ကျောင်းတော်ကြီး၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသယ်ဆောင်သွားကာ၊ “လက်တွေ့အခြေအနေမှ အမှန်တရားကို ရှာဖွေဆန်းစစ်ပြီး၊ ရှေ့ဆုံးက ဆန်းသစ်ဖန်တီးထိုးဖောက်ရဲသူ” စိတ်ဓာတ်ကိုမြှင့်တင်၍ ပညာသင်ကြားမှု အရည်အသွေးနှင့် အဆင့်အတန်းကို အဆက်မပြတ် တိုးတက်အောင်ကြိုးစားရင်း နိုင်ငံတော်ကိုအကျိုးပြုမည့် ထူးချွန်သည့်လူရည်ချွန်၊ လူရည်မွန်လေးများကိုပျိုးထောင်ပေးရန်၊ ပညာရေးအင်အား ခိုင်မာအားကောင်းသည့် နိုင်ငံတော်ကြီးကိုတည်ဆောက်ရေးနှင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုကို မြှင့်တင်ဆောင်ရွက်ရေးတို့ကို အားသစ်အင်သစ်နှင့် ကြိုးပမ်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ဟူနန်တက္ကသိုလ်ကို ၁၉၂၆ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ထောင်ချီသမိုင်းရှိသော ယွဲ့လုကျောင်းတော်သည် အဆိုပါတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ တည်ရှိသည်။ နှစ်ပေါင်း ၁၀၀ အတွင်း အဆိုပါတက္ကသိုလ်သည် ကောင်းမွန်သည့်အမွေအနှစ်များကိုဆက်ခံရင်း တီထွင်ဆန်းသစ်မှုများလုပ်ဆောင်ကာ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် လူရည်ချွန်၊ လူရည်မွန်လေးများကို ပြုစုပျိုးထောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
习近平致信祝贺湖南大学建校100周年
新华社北京10月16日电 中共中央总书记、国家主席、中央军委主席习近平16日致信祝贺湖南大学建校100周年,向全体师生员工和广大校友致以祝贺。
习近平在贺信中强调,新起点上,希望湖南大学以新时代中国特色社会主义思想为指导,继承光荣革命传统,赓续千年书院学脉,弘扬“实事求是、敢为人先”的精神,不断提升办学质量和水平,努力培养更多经世致用的优秀人才,为建设教育强国、推进中国式现代化作出新贡献。(贺信全文另发)
湖南大学创办于1926年,具有千年历史的岳麓书院位于其校园内。100年来,学校坚持传承创新,为国家培养了大批优秀人才。(完)
图说:2026年10月14日拍摄的湖南大学庆祝建校百年的标识。新华社记者 赵仲志 摄








