
ဝါရှင်တန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
အိမ်ဖြူတော်သတင်းပြန်ကြားရေးတာဝန်ခံ ကေတီဇာချာရီရာသည် ၅ ရက်သာ တာဝန်စတင်ထမ်းဆောင်ပြီးနောက် အောက်တိုဘာ ၁၆ ရက်က ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကေတီဇာချာရီရာအား အဆိုပါရာထူးနေရာတွင် တာဝန်ထမ်းဆောင်ရေးအတွက် ပြန်လည်စဉ်းစားရန် အကြံပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော် ကေတီဇာချာရီရာကို ပြောလိုက်ပါတယ်။ ရိုးရိုးသားသားပဲပြောရရင် ခင်ဗျားနေရာမှာ ကျွန်တော်သာဆိုရင်တော့ ပြန်စဉ်းစားမိမှာပဲ"ဟု ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အတူ ထရမ့်က "ဒီရာထူးတာဝန်က သူနဲ့မကိုက်ညီတာလည်း ဖြစ်နိုင်ပါတယ်"ဟု ဆက်လက် ပြောကြားခဲ့သည်။
ကေတီဇာချာရီရာမှာ အောက်တိုဘာ ၁၂ ရက်က Karoline Leavitt ၏ နေရာတွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံအဖြစ် စတင်တာဝန်ယူခဲ့ကာ အောက်တိုဘာ ၁၃ ရက်တွင် ၎င်း၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ကေတီဇာချာရီရာအနေဖြင့် လိုင်စင်ရရှေ့နေစာမေးပွဲကို အမှန်တကယ်အောင်မြင်ခဲ့ခြင်း ရှိ၊မရှိနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ များစွာရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ (Xinhua)
..............................
(English version)
Katie Zacharia out as White House press secretary
WASHINGTON, Oct. 16 (Xinhua) -- White House Press Secretary Katie Zacharia was out of her post on Friday after just five days on the job, according to U.S. media reports.
U.S. President Donald Trump said he had advised her to reconsider serving in the position.
"I said to her, 'Honestly, if I were you, I'd reconsider,'" Trump told reporters at the White House. "Maybe it's not for her."
Zacharia took over as White House press secretary on Monday, succeeding Karoline Leavitt, and held her first briefing on Tuesday.
Over the past week, Zacharia has faced growing scrutiny over whether she actually passed the bar exam. ■
Photo caption: White House Press Secretary Karoline Leavitt speaks during a White House press briefing in Washington, D.C., the United States, April 15, 2026. (Photo by Li Yuanqing/Xinhua)








