
နယူးယောက်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသနှင့် ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ ဆိုးရွားသောသတင်းများ၏ လှုံ့ဆော်မှုကြောင့် ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အောက်တိုဘာ ၁၆ ရက် အစောပိုင်းဈေးကွက်တွင် အနည်းငယ်ပြောင်းလဲခဲ့ပြီး နေ့လယ်ပိုင်းတွင် သိသိသာသာ မြင့်တက်လာကာ ဈေးကွက်သိမ်းချိန်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသာစွာ ခုန်တက်သွားကြောင်း သိရသည်။
နယူးယောက် ရေနံစိမ်း ကြိုတင်ရောင်းဝယ်ရေး ပထမဆုံးစာချုပ်သည် တစ်လနီးပါးအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကို တစ်ဖန်ကျော်လွန်သွားခဲ့ပြီး လန်ဒန် ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်ရေး ပထမဆုံးစာချုပ်မှာ ငါးလနီးပါးအတွင်း အမြင့်ဆုံးသို့ရောက်ရှိသွားသည်။
ထိုနေ့ ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက် ကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် ပို့ဆောင်ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃.၄၄ မြင့်တက်လာကာ တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၁.၄၁ ဖြင့် ဈေးကွက်ပိတ်ခဲ့ပြီး မြင့်တက်မှုနှုန်း ၃.၅၁ ရာခိုင်နှုန်း ဖြစ်သည်။ ဒီဇင်ဘာလအတွက် ပို့ဆောင်ရမည့် လန်ဒန် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃.၉၄ မြင့်တက်ကာ တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၉.၈၆ ဖြင့် ပိတ်သိမ်းခဲ့ရာ မြင့်တက်မှုနှုန်း ၃.၇၂ ရာခိုင်နှုန်း ဖြစ်သည်။
အီရန်ရေတပ်က ၎င်း၏စောင့်ကြည့်ရေးအဖွဲ့သည် လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်း ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်ရေပြင်တွင် "စည်းမျဉ်းချိုးဖောက်သည့်" ရေနံတင်သင်္ဘောတစ်စင်း မီးလောင်နေသည်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီတစ်ရက်က အီရန်ရေတပ်သည် အဆိုပါရေပြင်တွင်ပင် မီးလောင်နေသော ရေနံတင်သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သေးကြောင်း ကြေညာခဲ့သည်။
အမေရိကန် ပထဝီဝင်နိုင်ငံရေး လေ့လာသုံးသပ်မှုအဖွဲ့ Eurasia Group ၏ သုံးသပ်သူများက ပါရှန်ပင်လယ်ကွေ့ဒေသ ပဋိပက္ခ မြင့်တက်လာနိုင်ခြေကို ၃၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။ အမေရိကန်နိုင်ငံသည် ယခုကဲ့သို့ ကျဉ်းထဲကျပ်ထဲရောက်နေသည့် အနေအထားကို တောင့်ခံနိုင်မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့မှ သုံးသပ်သူက ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့် မကြာသေးမီက ကြေညာခဲ့သော ရုရှားနှင့် ယူကရိန်းတို့ "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" သဘောတူညီမှု ရရှိခြင်းသည် အတည်မပြုနိုင်ခဲ့သလို အမေရိကန်အစိုးရက ရုရှားနိုင်ငံအပေါ် ဒီဇယ်လောင်စာတင်ပို့မှု ပိတ်ဆို့အရေးယူထားခြင်းအား ဖြေလျှော့ရန် ဆုံးဖြတ်ချက်မှာလည်း လွှတ်တော်၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ဒီမိုကရက်နှင့် ရီပက်ဘလစ်ကန်ပါတီမှ အထက်လွှတ်တော်အမတ်အချို့က ထရမ့် ထံသို့ အောက်တိုဘာ ၁၃ ရက်တွင် စာတစ်စောင် ပေးပို့ပြီး မကြာသေးမီကရရှိခဲ့သည့် ရုရှားနိုင်ငံနှင့် ဒီဇယ်လောင်စာကုန်သွယ်မှု သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ အောက်တိုဘာ ၁၆ ရက်တွင်လည်း ပါတီနှစ်ရပ်၏ အောက်လွှတ်တော်အမတ်များက ထရမ့် အစိုးရနှင့် ရုရှားနိုင်ငံ ရေနံကဏ္ဍဆိုင်ရာ ကုန်သွယ်မှုများ ပြုလုပ်ခြင်းကို တားဆီးရန် ရည်ရွယ်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပူးတွဲတင်သွင်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသည် အောက်တိုဘာ ၁၅ ရက် နံနက်စောပိုင်းတွင် ရုရှားနိုင်ငံ Ryazan ဒေသရှိ ရေနံချက်စက်ရုံတစ်ရုံကို ကြီးမားသော တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ခြင်းကြောင့် ရေနံချက်စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)
----------------------
(Chinese Version)
地缘冲突消息刺激 国际油价16日显著上涨
新华社纽约10月16日电(记者刘亚南)受中东地区和俄乌冲突利空消息刺激,国际原油期货价格在16日早盘窄幅盘整,午间显著走高,收盘时国际油价显著上涨。
纽约原油期货首行合约近一个月以来再次突破每桶100美元,伦敦布伦特原油期货首行合约则升至近5个月以来最高水平。截至当天收盘,纽约商品交易所11月交货的轻质原油期货价格上涨3.44美元,收于每桶101.41美元,涨幅为3.51%;12月交货的伦敦布伦特原油期货价格上涨3.94美元,收于每桶109.86美元,涨幅为3.72%。
伊朗海军16日说,其监测团队在过去几小时内又发现一艘“违规”油轮在霍尔木兹海峡东部水域起火。此前一天,伊朗海军通报在同一水域发现一艘起火油轮。
美国地缘政治分析机构欧亚集团分析师把波斯湾地区冲突升级的概率从35%提高到65%。该机构分析师表示,当前僵持的状态对美方而言不可持续。
美国总统特朗普日前宣称俄罗斯与乌克兰达成的“能源停火”并未得到证实,美国政府放松对俄罗斯出口柴油制裁的决定面临国会压力。来自民主党和共和党的部分参议员13日致信特朗普,要求撤销日前与俄罗斯就柴油贸易达成的协议。16日,两党众议员共同提出一项旨在阻止特朗普政府与俄罗斯达成石油领域交易的法案。
此外,俄罗斯国防部15日称,乌克兰当天凌晨对俄梁赞州一家炼油厂发动大规模袭击,引发炼油厂火灾。(完)
图说:7月16日,在美国加利福尼亚州洛杉矶县,一名司机在加油站加油。新华社发(曾慧摄)








