တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Dafang ခရိုင်တွင် ကျင်းပသော Land Fingerprint Concert ဖျော်ဖြေပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် Dafang ခရိုင်တွင် ကျင်းပသော Land Fingerprint Concert ဖျော်ဖြေပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် "လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုံမျှော်မှန်းချက်" ဖြစ်သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ဖူးသည်။

တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရာတွင် အလုံးစုံအောင်မြင်ကြောင်း ၂၀၂၁ ခုနှစ်တွင် ကြေညာနိုင်ခဲ့ပြီးနောက် ၅ နှစ်အကြာတွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်မှုများသည် ကမ္ဘာတစ်ဝန်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြိုးပမ်းမှုများအတွက် ဆက်လက်စေ့ဆော်အားပေးလျက်ရှိသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သမ္မတရှီ၏ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကြိုးပမ်းမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကျေးလက်ဒေသများ၌ ၎င်း၏ အစောပိုင်း ကြိုးပမ်းဆောင်ရွက်မှုများမှသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းကိုယ်တိုင် ဦးဆောင်ကြိုးပမ်းခဲ့သည့် လှုပ်ရှားမှုအထိ ပါဝင်လျက်ရှိကာ ထိုသို့ ကာလရှည်ကြိုးပမ်းအားထုတ်မှုများသည် အောက်တိုဘာ ၁၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်း ကျင်းပနေချိန်တွင် ပိုမိုပေါ်လွင်ထင်ရှားလျက်ရှိသည်။

ဆယ်စုနှစ်များစွာ ကြိုးပမ်းအားထုတ်မှု

"အားအင်ချည့်နဲ့နေသေးတဲ့ ငှက်ပေါက်လေးတစ်ကောင်ဟာ အရင်ဆုံးပျံသန်းနိုင်တဲ့ ငှက်တစ်ကောင် ဖြစ်လာနိုင်သလိုပဲ အဆင်းရဲဆုံးဒေသတွေဟာလည်း အစောဆုံး စီးပွားရေးဦးမော့လာတဲ့ဒေသတွေ ဖြစ်နိုင်ပါတယ်" ဟု တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Ningde ခရိုင် ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ၁၉၈၈ ခုနှစ်က ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ရှီက ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် နောက်တစ်နှစ် နွေရာသီတွင် ထိုစဉ်က Ningde ခရိုင် ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရှီသည် ကားလမ်းမပေါက်သေးသည့် ဝေးလံခေါင်သီသော တောင်ပေါ်မြို့နယ်လေးတစ်ခုဖြစ်သည့် Xiadang သို့ မော်တော်ယာဉ်ဖြင့်တစ်မျိုး၊ ခြေလျင်ခရီးဖြင့်တစ်သွယ် သွားရောက်ခဲ့သည်။

ရှီသည် Xiadang မြို့နယ်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေးဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အဆိုပါမြို့နယ်နေ ပြည်သူများက မိမိတို့မြို့နယ်အနေဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သမ္မတရှီထံ စာလွှာပေးပို့ခဲ့ရာ ရှီကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလျက် ပြန်စာပေးပို့ခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် ဖြစ်လာပြီးနောက်တွင်လည်း ရှီသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဆက်လက်၍ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ဆောင်ရွက်ခဲ့သည်။ ၎င်းသည် အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံတစ်ဝန်းရှိ ဒေသ ၁၄ ခုလုံးသို့ သွားရောက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရေးနှင့် လေ့လာသုတေသနပြုရေး ခရီးစဉ်ပေါင်း ၅၀ ကျော် သွားရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရှီက စီချွမ်းပြည်နယ် Zhaojue ခရိုင်ရှိ ဆင်းရဲနွမ်းပါးသော Yi တိုင်းရင်းသားမျိုးနွယ်စု မိသားစုများထံ သွားရောက်ကြည့်ရှုခဲ့ပြီး ၎င်းတို့၏ စားဝတ်နေရေးအခြေအနေကို မေးမြန်းကာ ဒေသခံပြည်သူများ၊ တာဝန်ရှိသူများနှင့်အတူ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://xhnewsapi.xinhuaxmt.com/share/news_pc?id=1265699310002176&showType=3021&utdId=1f63cd36796b940fb513749aa2f75064&version=5.4.0

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Yinchuan မြို့ Yongning ခရိုင် Minning မြို့ Yuanyi ကျေးရွာရှိ မွေးမြူရေးနှင့် ဆိုလာစွမ်းအင်ထုတ်လုပ်ရေး ပေါင်းစပ်စီမံကိန်းတစ်ခုအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဝေဟင်မှဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Yinchuan မြို့ Yongning ခရိုင် Minning မြို့ Yuanyi ကျေးရွာရှိ မွေးမြူရေးနှင့် ဆိုလာစွမ်းအင်ထုတ်လုပ်ရေး ပေါင်းစပ်စီမံကိန်းတစ်ခုအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဝေဟင်မှဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xi's decades-long commitment to poverty reduction

BEIJING, Oct. 17 (Xinhua) -- Poverty eradication is "a common ideal of humanity," Chinese President Xi Jinping has once said.

Five years after China declared a complete victory in the fight against absolute poverty in 2021, its approach continues to inspire poverty reduction efforts worldwide.

Xi's dedication to poverty alleviation spans decades, from his early work in poor rural communities to the nationwide campaign he led and his efforts to promote international cooperation -- a long-running endeavor that resonates as the world marks the International Day for the Eradication of Poverty on Saturday.

A DECADES-LONG PURSUIT

"A weak hatchling bird can be the first to fly, and the poorest can be the first to become rich," Xi wrote in a 1988 essay on the development of Ningde Prefecture in east China's Fujian Province.

The following summer, Xi, then Ningde's Party secretary, traveled by car and on foot to reach Xiadang, a remote mountain township that had no road access.

Xi returned to Xiadang twice, helping tackle problems with roads, electricity and water supplies. In 2019, residents wrote to tell him that their township had shaken off poverty, and he replied with congratulations.

After becoming China's top leader, Xi continued his hands-on approach to poverty reduction. He conducted more than 50 inspections and research visits related to poverty alleviation, traveling to all 14 of the country's contiguous areas of extreme poverty.

In February 2018, Xi visited impoverished Yi families in Zhaojue County, Sichuan Province, asking about their livelihoods and discussing ways to tackle poverty with villagers and local officials.

https://xhnewsapi.xinhuaxmt.com/share/news_pc?id=1265699310002176&showType=3021&utdId=1f63cd36796b940fb513749aa2f75064&version=5.4.0

Photo caption 1: An aerial drone photo taken on Oct. 1, 2026 shows the Land Fingerprint Concert held in Dafang County of southwest China's Guizhou Province. (Xinhua/Yang Wenbin)

Photo caption 2: An aerial drone photo taken on Sept. 11, 2026 shows a livestock-photovoltaic integration project in Yuanyi Village, Minning Town, Yongning County of Yinchuan, northwest China's Ningxia Hui Autonomous Region. (Xinhua/Yang Zhisen)