ရန်ကုန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စု (A) ပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းနှင့် ISPE WFC အသင်းတို့ ဩဂုတ် ၃၁ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ISPE WFC အသင်းက သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်းသိရသည်။ (Xinhua)



















