ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မှုဖြစ်ပြီး လူ ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)နေပြည်တော်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ယနေ့ (ဇွန် ၂၂ ရက်) နံနက် ၃ နာရီကျော်တွင် ခရီးသည်တင်ယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ လမ်းတွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ် ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေမ