ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

နေပြည်တော်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ်  ၁၁၇/၇ ဖာလုံတွင် ယနေ့ (ဇွန် ၂၂ ရက်) နံနက် ၃ နာရီကျော်တွင် ခရီးသည်တင်ယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လမ်းတွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ် ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေမန္တလာယာဉ်ပေါ်ပါအမျိုးသား ၃ ဦး သေဆုံးကာ အမျိုးသား ၃ ဦးနှင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရှေ့က ရပ်ထားတဲ့ကားက လမ်းဘေးချမရပ်ဘဲ လမ်းပေါ်တင်ရပ်ထားတယ်၊ နောက်ကကား အရှိန်လည်းပါပါလိမ့်မယ်၊ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ၊ ယာဉ်မောင်းလား ယာဉ်နောက်လိုက်လားတော့မသိဘူး အပိုင်းပိုင်းတောင် ပြတ်တယ်။ ရုပ်ပျက်ဆင်းပျက်ပဲ” ၎င်းက ဆိုသည်။

ယင်း ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)