အိုမန်နိုင်ငံ ပြန်ကြားရေးဌာနမှ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပံ့ပိုးသည့် အချက်အလက်ဓာတ်ပုံတွင် 
ဟော်မုဇ်ရေလက်ကြားအား တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ ပြန်ကြားရေးဌာနမှ ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က ပံ့ပိုးသည့် အချက်အလက်ဓာတ်ပုံတွင် ဟော်မုဇ်ရေလက်ကြားအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန် စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကမ္ဘာ့ဈေးကွက်က ရေနံထောက်ပံ့ရေးအပေါ် စိုးရိမ်မှုများ ဖြစ်ပွားစေရာ ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ဇူလိုင် ၁၂ ရက်နှောင်းပိုင်း အရောင်းအဝယ်သီတင်းပတ်သစ် စတင်ချိန်တွင် တိုးတက်မှုပမာဏ ၃ ရာခိုင်နှုန်းကျော်ဖြင့် သိသိသာသာ မြင့်တက်ခဲ့သည်။

အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အထိ နယူးယောက် ကုန်စည်ဒိုင် (NYMEX) တွင် ဩဂုတ်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၂.၅၄ ဒေါ်လာ မြင့်တက်လာပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၃.၉၅ ဒေါ်လာဖြင့် ၃.၅၆ ရာခိုင်နှုန်း မြင့်တက်လာသည်။ ဇူလိုင်အတွက် ပေးပို့သည့် လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂.၇၉ ဒေါ်လာ မြင့်တက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၈.၈၀ ဒေါ်လာဖြင့် ၃.၆၇ ရာခိုင်နှုန်း မြင့်တက်လာသည်။

အမေရိကန်စစ်တပ်က ဇူလိုင် ၁၁ ရက်တွင် အီရန်စစ်ရေးပစ်မှတ် ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်တပ်၏ပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အီရန်က ကြေညာခဲ့သည်။

ပြင်ပအင်အားစုများ၏ တရားမဝင်စွက်ဖက်မှုက လုံခြုံမှုမရှိသည့်အခင်းအကျင်း ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် အခြားအကြောင်းကြားမှုနှင့် အမေရိကန်ဘက်က ဤဒေသအားစွက်ဖက်မှုရပ်တန့်သည်အထိ ဟော်မုဇ်ရေလက်ကြားကို ဇူလိုင် ၁၂ ရက်မှစ၍ ပိတ်ဆို့လိုက်ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့  ရေတပ်က ဒေသစံတော်ချိန် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) သည် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာ၌ ပို့စ်တင်၍ ဟော်မုဇ်ရေလက်ကြား၏ “ဖြတ်သန်းသွားလာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဇွန်လက အမေရိကန်နှင့် အီရန်အကြား နားလည်မှုစာချွန်လွှာ လက်မှရေးထိုးပြီးနောက် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ ပြန်လည်သွားလာနိုင်တော့မည်ဟူသော အလားအလာကြောင့် ကမ္ဘာရေနံစိမ်းအနာဂတ်ဈေးနှုန်းများသည် ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ အနိမ့်ဆုံးအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း လွန်ခဲ့သည့်ရက်သတ္တပတ်တွင် အမေရိကန်-အီရန် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာခြင်းနှင့်အတူ ရေနံဈေးနှုန်းများမှာ သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美伊冲突持续 国际油价涨超3%

新华社纽约7月12日电(记者刘亚南)由于美国与伊朗军事冲突持续引发国际市场对原油供应的担忧,国际原油期货价格在12日晚些时候开始新一周交易时显著上涨,涨幅超过3%。   

截至美东时间12日18时15分,纽约商品交易所8月交货的轻质原油期货价格最高上涨2.54美元至每桶73.95美元,涨幅为3.56%;7月交货的伦敦布伦特原油期货价格上涨2.79美元至每桶78.80美元,涨幅为3.67%。   

美军中央司令部11日称,美军当天打击了约140个伊朗军事目标。伊朗随后宣布对美军在中东地区的目标发动一系列打击。   

伊朗伊斯兰革命卫队海军当地时间12日凌晨宣布,鉴于外国势力非法干预造成不安全局面,霍尔木兹海峡即日起关闭,直至另行通知以及美国停止干涉这一地区为止。美军中央司令部于美国东部时间12日上午在社交媒体上发文称,霍尔木兹海峡的“通行仍在继续”。   

6月美国与伊朗达成谅解备忘录后,霍尔木兹海峡恢复通航前景一度使国际原油期货价格回落至今年3月初以来的最低水平,但随着上周美伊冲突再起,油价明显回升。(完)

1. 这是阿曼新闻部6月20日提供的霍尔木兹海峡资料图片。新华社发