
တီဟီရန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်က အီရန်အပေါ် “ကျူးကျော်မှုအသွင်” တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
အဆိုပါ မိုက်ရူးရဲဆန်သည့် တိုက်ခိုက်မှုများသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ပါ သက်ဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်နေပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ဆိုးရွားစွာ ခြိမ်းခြောက်နေကာ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဒေသတွင်းတင်းမာမှုအခြေအနေ အရှိန်ပြေလျော့စေရန်၊ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းမှုအားလုံး သဲထဲရေသွန်ဖြစ်စေခဲ့ကြောင်း ကြေညာချက်ကဖော်ပြထားသည်။
အီရန်နှင့် အမေရိကန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်မှာ ၂၅ ရက်ကြာသာ ရှိသေးချိန်တွင် အမေရိကန်က နားလည်မှုစာချွန်လွှာပါ အကြောင်းအရာအားလုံးနီးပါးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြောင်း၊ အမေရိကန်သည် အီရန်၏ ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အဦ၊ သင်္ဘော၊ မိုးလေဝသ အဆောက်အဦ စသည်တို့ကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ အီရန်က ဟော်မုဇ်ရေလက်ကြား၌ လိုအပ်သော စီမံခန့်ခွဲမှု အစီအစဉ်များ ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ကို အမေရိကန်က နှောင့်ယှက်မှုကြောင့် ရေလက်ကြား လုံခြုံရေးအခြေအနေ ထပ်မံဆိုးရွားလာသလို နိုင်ငံတကာ စီးပွားရေး ရေကြောင်းပို့ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီရန်အနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မြဲစွာ ကာကွယ်ပြီး အမေရိကန်နှင့် အခြားသော ကျူးကျော်သူများ၏ စစ်ရေးကျူးကျော်မှုကို ခုခံသွားမည်ဟု အလေးထားပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် အီရန်ကိုဦးတည်သည့် တိုက်ခိုက်မှုမှန်သမျှ၏ အရင်းအမြစ်နေရာသည် အီရန်လက်နက်ကိုင်အင်အားက ကာကွယ်မှုအသွင် တိုက်ခိုက်မှု လုပ်ဆောင်သည့် တရားဝင်ပစ်မှတ်ဖြစ်လာမည်ဖြစ်သည်ဟု အီရန်က ကျူးကျော်သူ၏ လှုပ်ရှားမှုများတွင် ပါဝင်မှု သို့မဟုတ် တွဲဖက်လုပ်ဆောင်သော လုပ်ဆောင်မှုမှန်သမျှအပေါ် သတိပေးလိုက်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
伊朗强烈谴责美国“侵略性”袭击
新华社德黑兰7月13日电 伊朗外交部13日凌晨发表声明,强烈谴责过去24小时内美国对伊朗发动的“侵略性”袭击。
声明说,这些野蛮的袭击违反《联合国宪章》有关条款,严重威胁国际和平与安全,使过去几个月为缓和地区紧张局势、建立和平所做的一切努力付诸东流。
声明说,伊美签署谅解备忘录仅过去25天,美国就公然违反该备忘录几乎所有内容。美国袭击伊朗交通基础设施、船只、气象设施等,犯下战争罪行。美国公然干涉伊朗在霍尔木兹海峡实施必要管理安排的进程,导致海峡安全局势再次恶化,并干扰了国际商业航运。
伊朗强调将坚定捍卫主权和领土完整,抵御美国及任何其他侵略者的军事侵略。同时,伊朗对任何参与或配合侵略方行动的行为发出警告:任何针对伊朗发动袭击的源头,都将成为伊朗武装力量实施防御性打击的合法目标。(完)
图说:6月23日,伊朗外交部发言人巴加埃在德黑兰出席每周例行新闻发布会。新华社记者 沙达提 摄







