တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် ရေလက်ကြားဖိုရမ်၌ အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇွန် ၁၃ ရက်က 
တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် ရေလက်ကြားဖိုရမ်၌ အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်ဟုနင်က မြောက်ကိုရီးယားနိုင်ငံသို့ ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၄ ရက်၌ ကြေညာခဲ့သည်။

CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဝမ်က ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီနှင့် မြောက်ကိုရီးယားအစိုးရတို့၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ သွားရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သိရသည်။ (Xinhua)

.......................................................................

(English Version)

China's top political advisor to visit DPRK

BEIJING, July 14 (Xinhua) -- China's top political advisor Wang Huning will visit the Democratic People's Republic of Korea (DPRK) from July 15 to 17, a spokesperson of the International Department of the Communist Party of China (CPC) Central Committee announced on Tuesday.

Wang, a member of the Standing Committee of the Political Bureau of the CPC Central Committee and chairman of the National Committee of the Chinese People's Political Consultative Conference (CPPCC), will lead a party and government delegation to the DPRK to pay the official goodwill visit at the invitation of the Central Committee of the Workers' Party of Korea and the government of the DPRK, according to the spokesperson. ■

English Caption

Wang Huning, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and chairman of the National Committee of the Chinese People’s Political Consultative Conference, addresses the 18th Straits Forum in Xiamen, southeast China’s Fujian Province, June 13, 2026. (Xinhua/Liu Bin)