ယီမင်နိုင်ငံ မြို့တော်ဆန်နားရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တိုက်ခိုက်ခံရသောနေရာ၌ သတ္တုအစိတ်အပိုင်းများ ပြန့်ကြဲနေပြီး အဝေးနေရာတွင် ထိခိုက်ပျက်စီးသောလေယာဉ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)

ကူဝိတ်စီးတီး၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျသည် ယီမင် ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံ မြို့တော်ဆန်နား အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြေးလမ်းကို အကြိမ်များစွာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် Al Masirah ရုပ်သံလွှင့်ဌာန၏ ဇူလိုင် ၁၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ယီမင် ဟူသီလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့အား တင်ဆောင်ထားသည့် အီရန် ခရီးသည်တင်လေယာဉ်တစ်စင်းသည် အီရန်နိုင်ငံ မြို့တော် တီဟီရန်မှ ယီမင်နိုင်ငံ မြို့တော်ဆန်နားသို့ ပျံသန်းလျက်ရှိပြီး အဆိုပါလေယာဉ်သည် နောက်ဆုံးတွင် ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသော ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဟိုဒေးဒါလေဆိပ်၌ ဆင်းသက်ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင်လေယာဉ်သည် ထိုမတိုင်မီ ယီမင် ဟူသီလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်၍ အီရန်သို့သွားရောက်ပြီး ကွယ်လွန်ပြီးဖြစ်သော အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီ၏ ဈာပနအခမ်းအနားအား တက်ရောက်ခဲ့ကြောင်း၊ ယီမင်နိုင်ငံအစိုးရကလည်း ယီမင် ဟူသီလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အစိုးရ၏ ကြီးကြပ်မှုအောက်တွင် အီရန်မှမဟုတ်သော လေယာဉ်ကို စီးနင်းလိုက်ပါ၍ ပြန်လာသင့်သည်ဟု အဆိုပြုခဲ့ကြောင်း၊ ယီမင် ဟူသီလက်နက်ကိုင်များက ယင်းအပေါ် ငြင်းပယ်၍ ဆော်ဒီအာရေဗျနှင့် ယီမင်အစိုးရတို့အနေဖြင့်လည်း ယခုအကြိမ်လေယာဉ်ခရီးစဉ်အား ကြားဖြတ်တားဆီးခြင်းမပြုရန် သတိပေးခဲ့ကြောင်း သတင်းက ဆိုသည်။

လက်ရှိအထိ ဆော်ဒီအာရေဗျဘက်က တုံ့ပြန်မှုမရှိသေးပေ။

ထို့ပြင် ယီမင်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Muammar Al-Eryan က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ယီမင် ဟူသီလက်နက်ကိုင်သည် ဆန်နားအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လေယာဉ်တစ်စင်းအား ထိန်းသိမ်း၍ ၎င်းလေယာဉ် ပျံသန်းမှုကို တားဆီးကာ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးများကို ပြန်ပေးဆွဲထားသည်ဟု သိရသည်။

ယီမင်နိုင်ငံ ဆန်နားအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းခရီးစဥ် စီစဉ်မှုသည် ယီမင်နိုင်ငံ အစိုးရနှင့် ယီမင် ဟူသီလက်နက်ကိုင်တို့အကြား ကာလကြာရှည်စွာ အစဉ်အမြဲတည်ရှိနေသည့် အဓိကကွဲလွဲမှုများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

ယီမင်နိုင်ငံ မြို့တော်ဆန်နားရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းတိုက်ခိုက်ခံရသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

胡塞武装指责沙特空袭机场 也门称胡塞劫持飞机

新华社科威特城7月13日电(记者尹炣)萨那消息:据胡塞武装控制的马西拉电视台13日报道,沙特阿拉伯对胡塞武装控制的也门首都萨那国际机场的跑道发动多次空袭。  

据报道,空袭发生时,一架载有胡塞武装代表团的伊朗客机正从伊朗首都德黑兰飞往萨那。这架飞机最终降落在胡塞武装控制的也门西北部荷台达机场。  

报道称,该客机此前搭载胡塞武装代表团前往伊朗参加伊朗已故最高领袖哈梅内伊的葬礼。也门政府曾提出胡塞武装代表团应在政府监督下乘坐非伊朗的飞机返回。胡塞武装方面对此予以拒绝,并警告沙特和也门政府不要拦截此次航班。  

截至目前,沙特方面尚未作出回应。  

另据也门新闻部长穆阿马尔·埃尔亚尼13日发表的声明,胡塞武装在萨那国际机场扣押一架红十字国际委员会的飞机,阻止其起飞,并劫持飞行员和副驾驶。  

长期以来,也门萨那国际机场的航班安排一直是也门政府与胡塞武装之间的主要分歧之一。(完

图说1:7月13日,在也门首都萨那国际机场,袭击现场散落着金属碎片,远处可见受损飞机新华社发(胡塞媒体中心供图

图说2、3:7月13日,在也门首都萨那,萨那国际机场遭到空袭新华社发(胡塞媒体中心供图