
ကွမ်ရှီး၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နေရာအနှံ့အပြားတွင် တိုင်ဖွန်းမုန်တိုင်း မေဆတ်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဒေသရှိ ကျန့်လုန် မြို့နယ်သည်လည်း ဇူလိုင် ၅ ရက်မှစ၍ လမ်းများပိတ်သွားသလို လျှပ်စစ်မီးနှင့် ကွန်ရက်ဝန်ဆောင်မှုများ မရရှိတော့ခြင်းကြောင့် မြို့နယ်ပြင်ပနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ယင်းနောက် အဆိုပါ မြို့နယ်ရှိ စေတနာ့ဝန်ထမ်းများ စုစည်းလျက် အကူအညီများ သယ်ယူပို့ဆောင်ရန်နှင့် ဆေးဝါးအထောက်အကူများ ပံ့ပိုးပေးနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များကို လမ်းညွှန်ပေးခဲ့ကြသည်။ ၎င်းတို့အနက် ၁၉၉၀ ပြည့်လွန်နှစ်ဖွား စေတနာ့ဝန်ထမ်းနှစ်ဦးဖြစ်သော လီဟိန်ဟောင်နှင့် စူးတယ်ရုန်တို့လည်း ပါဝင်ကာ ခြေကျင်ဖြင့်သာ အတွင်းဝင်ရောက်နိုင်သော လမ်းများထက်ဝယ် လမ်းပြများအဖြစ် အဓိကတာဝန်ယူခဲ့ကြသည်။
ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁:၃၀ နာရီဝန်းကျင်၌ ဟိန့်ကျိုးမြို့ရှိ ကျန့်လုန်မြို့နယ်၏ အစိုးရအဆောက်အအုံအထိပေါက်သော အဓိကလမ်းမကြီးတစ်ခုမှာ အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရန် ကနဦးဖွင့်လှစ်နိုင်ခဲ့ကြောင်း အဆိုပါ ကယ်ဆယ်ရေးနေရာရှိ ဆင်ဟွာသတင်းထောက်များက အတည်ပြုဖော်ပြခဲ့ကြသည်။ (Xinhua)
……………………………………..
(English Version)
Post-90s volunteers guide relief teams in flood-hit Zhenlong Township, China's Guangxi
Triggered by Typhoon Maysak, heavy downpours battered multiple areas in south China's Guangxi Zhuang Autonomous Region. The Zhenlong Township was cut off from outside access with no open roads, power or network services starting from July 5. Volunteers gathered here to guide rescue teams to transport supplies and provide medical support. Among them were Li Henghao and Su Derong, two volunteers born in the 1990s who mainly served as guides on routes accessible only on foot.
At around 1:30 p.m. on Saturday, one main road leading to the government seat of Zhenlong Township in the city of Hengzhou, was preliminarily opened to traffic, Xinhua reporters at the rescue site have confirmed.
Photo 1: Li Henghao (R) wraps his chafed foot with gauze in Zhenlong Township, Hengzhou City, Nanning, south China's Guangxi Zhuang Autonomous Region, July 10, 2026. (Xinhua/Huang Xiaobang)
Photo 2: Li Henghao (L) helps members of a supplies transport team cross a collapsed section of a road in Zhenlong Township, Hengzhou City, Nanning, south China's Guangxi Zhuang Autonomous Region, July 10, 2026. (Xinhua/Huang Xiaobang)
Photo 3: Li Henghao (1st R, front) helps a motorcyclist push a motorcycle out of muddy water in Zhenlong Township, Hengzhou City, Nanning, south China's Guangxi Zhuang Autonomous Region, July 10, 2026. (Xinhua/Huang Xiaobang)







