ဘန်ကောက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက် ညသန်းခေါင်က ဖြစ်ပွားခဲ့သည့် ဘားဆိုင်မီးလောင်မှုအတွင်း သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရရှိသူ ၆၃ ဦးရှိပြီး ယင်းအနက် ၂၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အတည်ပြုခဲ့သည်ဟု ဘန်ကောက်မြို့ မြို့တော်ဝန် Chadchart Sittipunt က ဇူလိုင် ၁၃ ရက်၌ မီဒီယာများထံ သတင်းထုတ်ပြန်ခဲ့သည်။
ဒေသစံတော်ချိန် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီ ၅၇ မိနစ်ခန့်တွင် ဘန်ကောက်မြို့ ချက်တူးချက်ခရိုင် Lat Phrao လမ်း အနီးရှိ ဘားဆိုင်တစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ယင်းအနက် အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၉ ဦး ပါဝင်ကြောင်း ထိုင်းမီဒီယာများက ထိုမတိုင်မီ သတင်းဖော်ပြကြသည်။
မီးသတ်ဌာနသည် မီးလောင်ကြောင်း အသိပေးတိုင်ကြားမှု လက်ခံရရှိပြီးနောက် မီးလောင်ပြင်သို့ အမြန်ဆုံးရောက်ရှိခဲ့ကြောင်း၊ သို့သော် ရောက်ရှိချိန်တွင် ဘားဆိုင်အတွင်း၌ မီးတောက်သည် အလျင်အမြန် ပျံ့နှံ့နေပြီဖြစ်ကြောင်း၊ သေဆုံးသူ ၂၇ ဦးအနက် ၆ ဦးကိုသာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီးဖြစ်ရာ ယင်းအနက် ၂၂ ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် လေပြွန်ထည့်သွင်း၍ ကုသမှုခံယူရန် လိုအပ်ကြောင်း Chadchart Sittipunt က မီးလောင်မှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးဝန်ထမ်းများ၏ အစီရင်ခံတင်ပြမှုကို နားထောင်ပြီးနောက် ပြောကြားခဲ့သည်။ လက်ရှိအရေးကြီးဆုံးအလုပ်မှာ သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အချင်းဖြစ်ပွားရာနေရာတွင် စစ်ဆေးချက်အရ ဘားဆိုင်၏ မျက်နှာကြက်အားလုံး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော်လည်း ပလတ်စတစ်ထိုင်ခုံများကမူ အခြေခံအားဖြင့် ပျက်စီးခြင်းမရှိကြောင်း၊ ကနဦးမှန်းဆချက်အရ အမှန်တကယ် သေဆုံးမှုဖြစ်ရခြင်းမှာ အလျင်အမြန်ပျံ့နှံ့သွားသည့် အဆိပ်ရှိဓာတ်ငွေ့မီးခိုးများကြောင့်ဖြစ်ကြောင်း၊ လူအများအပြားသည် အချင်းဖြစ်ပွားရာနေရာတွင် မှောင်မည်းနေသဖြင့် ဦးတည်ချက်ပျောက်ကာ အရေးပေါ်ထွက်ပေါက် ရှာမတွေ့ခဲ့ခြင်းဖြစ်နိုင်ကြောင်း Chadchart Sittipunt က ပြောကြားခဲ့သည်။
မီးလောင်မှု မဖြစ်ပွားခင် ဘားဆိုင်၏ စင်မြင့်အနီးရှိ breaker box အနီးတွင် မီးခိုးလုံးများ ပေါ်ထွက်လာခဲ့ကြောင်း၊ ထို့နောက် ဘားဆိုင်တွင်မီးပျက်သွားပြီး ပေါက်ကွဲသံ ပေါ်ထွက်ကာ မီးတောက်များ အလျင်အမြန် ပျံ့နှံ့သွားကြောင်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ အသက်ရှင်ကျန်ရစ်သူများက မီဒီယာများကို ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ အဆိုပါဘားဆိုင်တွင် စားသောက်ဆိုင်နှင့် live music ဖျော်ဖြေတင်ဆက်မှုလိုင်စင်ရှိပြီး အရေးပေါ်ထွက်ပေါက်လမ်းကြောင်းနှစ်ခု ထားရှိထားကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် အရေးပေါ်ထွက်ပေါက်လမ်းကြောင်း၌ အတားအဆီးပစ္စည်းများ ပိတ်ဆို့ထားခြင်း ရှိ၊ မရှိကို တစ်ဆင့်တိုး စုံစမ်းမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
曼谷市长:酒吧火灾确认27人遇难22人伤势危重
新华社曼谷7月13日电(记者常天童)泰国曼谷市市长差察·西迪汶13日向媒体通报说,该市12日深夜发生的酒吧火灾已确认造成27人遇难、63人受伤,其中22人伤势危重。 据泰国媒体此前报道,当地时间12日23时57分许,曼谷乍都乍区拉抛路附近一家酒吧发生火灾,造成27人死亡,包括18名女性、9名男性。
差察在火灾现场听取救援人员报告后说,消防部门接警后很快赶到现场,但抵达时火势已在酒吧内迅速蔓延。27名遇难者中,仅确认了6人身份。伤者被送医救治,其中22人伤势危重,需接受气管插管治疗。他表示,当前一项重要工作是尽快与伤亡人员家属取得联系。
差察说,现场勘查显示酒吧天花板全部烧毁,而塑料座椅基本未受损。据此初步推测,真正致命的是迅速扩散的大量有毒烟雾。许多人可能因现场一片漆黑而迷失方向,找不到消防通道。
关于火灾原因,有幸存者对媒体表示,事发前酒吧舞台附近配电箱冒出浓烟,随后酒吧停电并传出爆炸声,火势迅速蔓延。
据泰媒报道,调查显示该酒吧有餐饮及现场音乐演出营业许可,并设有两条消防通道。有关部门将进一步调查火灾发生时是否有障碍物堵塞逃生通道。(完)
图说1:7月13日凌晨,在泰国曼谷,救援人员在火灾现场工作。新华社发(拉亨摄)
图说2:7月13日凌晨,在泰国曼谷,泰国总理阿努廷(前中)在火灾现场查看情况。新华社发(拉亨摄)






