
ဝါရှင်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၁၂ ရက်တွင် လူမှုကွန်ရက်၌ သတင်းထုတ်ပြန်ခဲ့ရာ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီတွင် အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုအသစ်တစ်ရပ် စတင်ခဲ့ကြောင်း၊ ယင်းသည် ရက်သတ္တပတ်တစ်ပတ်အတွင်း အမေရိကန်စစ်တပ်က အီရန်ကို လေးကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုအကြိမ်တိုက်ခိုက်မှုသည် အမေရိကန်သမ္မတ ထရမ့်၏ အမိန့်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး “ဟော်မုဇ်ရေလက်ကြားရှိ စီးပွားရေးသင်္ဘောများကို တိုက်ခိုက်နိုင်သည့် အီရန်၏ စွမ်းရည်ကို ဆက်လက်ချည့်နဲ့သွားစေရန်” ရည်ရွယ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ပြောရေးဆိုခွင့်ရှိသူ Tim Hawkins က အမေရိကန်မီဒီယာများသို့ ပြောကြားရာတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် စီးပွားရေးသင်္ဘောများကို အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပစ်ခတ်ခဲ့ကြောင်း၊ အမေရိကန်စစ်လေယာဉ်များသည် အီရန်၏ ခရုဇ်ဒုံးကျည်တစ်စင်းနှင့် တစ်ဖက်သတ်တိုက်ခိုက်သည့် ဒရုန်းတစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်စစ်တပ်သည် ဟော်မုဇ်ရေလက်ကြားအနီးတစ်ဝိုက်ရှိ ဒုံးကျည်စခန်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) ၏ ရေယာဉ်ငယ်များကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဇူလိုင် ၁၂ ရက်တွင် အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။
ထို့အပြင် အီရန်မီဒီယာများ၏ ဒေသစံတော်ချိန် ဇူလိုင် ၁၃ ရက်တွင် သတင်းဖော်ပြချက်များအရ အီရန်နိုင်ငံရှိ Bandar Abbas ဆိပ်ကမ်းနှင့် Sirik ဒေသအပါအဝင် နေရာအများအပြားတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာကြောင်း သိရသည်။
အမေရိကန်သည် ယင်းနေ့ နံနက်အစောပိုင်းတွင် အီရန်နိုင်ငံ Khuzestan ပြည်နယ်ကို တိုက်ခိုက်ခဲ့ရာတွင် လက်နက်ကြီးကျည်တစ်လုံးသည် စိုက်ပျိုးရေးသုံး ရေစုပ်စခန်းတစ်ခုသို့ ကျရောက်ပေါက်ကွဲပြီး လူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းဌာန (IRNA) က ဖော်ပြထားသည်။
အမေရိကန်စစ်တပ်သည် ဇူလိုင် ၁၁ ရက်တွင် ရက်သတ္တပတ်တစ်ပတ်အတွင်း အီရန်ကို သုံးကြိမ်မြောက် တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန်စစ်တပ်သည် ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်သည့်နေရာများ၊ ရေတပ်သုံးပစ္စည်းကိရိယာများ၊ ခဲယမ်းမီးကျောက် သိုလှောင်ရုံများ၊ ဆက်သွယ်ရေးအဆောက်အဦများနှင့် ကမ်းရိုးတန်း စောင့်ကြည့်ရေးစခန်းများ စသည့် အီရန်၏ စစ်ရေးပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ယင်းနေ့တွင် ပြောကြားခဲ့သည်။ ယင်းနောက်တွင် မကြာမီတွင်ပင် အီရန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်တပ်၏ ပစ်မှတ်များကို တန်ပြန်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။
ထိုမတိုင်မီ အမေရိကန်စစ်တပ်က ဇူလိုင် ၇ ရက်နှင့် ၈ ရက်တွင် အီရန်သည် မကြာမီကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသော စီးပွားရေး သင်္ဘောများကို အီရန်တိုက်ခိုက်သည်ဟု အကြောင်းပြကာ အီရန်စစ်ရေးပစ်မှတ်များကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ အီရန်ကမူ ဘာရိန်း၊ ကူဝိတ်၊ ကာတာနှင့် ဂျော်ဒန် စသည့်နိုင်ငံများရှိ အမေရိကန်ဘက်က အဆောက်အဦများကို ဒုံးကျည်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美军对伊朗发起新一轮打击 伊媒称袭击造成1死4伤
新华社华盛顿7月12日电 美军中央司令部12日在社交媒体发布消息说,美国东部时间12日17时,美军开始对伊朗发起新一轮打击。这是美军一周内第4次对伊朗发动打击。
消息说,此次打击是按照美国总统特朗普的命令实施的,旨在“继续削弱其攻击霍尔木兹海峡商船的能力”。
美军中央司令部发言人蒂姆·霍金斯对美国媒体说,伊朗伊斯兰革命卫队向通过霍尔木兹海峡的商船开火,美军飞机已成功击落一枚伊朗巡航导弹和一架单向攻击无人机。
美国媒体12日还援引美国官员的话报道称,美军对霍尔木兹海峡周边几个地点的导弹、防空系统及伊朗伊斯兰革命卫队的小型船只发动了数次打击。
另据伊朗媒体当地时间13日报道,伊朗阿巴斯港、锡里克地区等多地传出爆炸声。伊朗伊斯兰共和国通讯社报道说,在美国当日凌晨对伊朗胡齐斯坦省发动的袭击中,一枚炮弹击中一处农用水泵站,导致1人死亡、4人受伤。
美军中央司令部11日称,美军当天完成了一周内对伊朗的第3次打击。美军打击了约140个伊朗军事目标,包括导弹和无人机发射阵地、海军装备、弹药储存设施、通信网络及海岸监视站点等。伊朗随后宣布对美军在中东地区的目标发动一系列打击。
此前,美军7日和8日以回应伊朗近期袭击通过霍尔木兹海峡的商船为由,连续两天对伊朗发动军事打击,伊朗则向美方在巴林、科威特、卡塔尔和约旦等国的设施发动导弹和无人机袭击。(完)
图说:6月15日,一架美军空中加油机从以色列本-古里安机场起飞。新华社发(吉尔·科恩·马根摄)






