
နန်နင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
တိုင်ဖွန်း မေဆတ်ခ် (Maysak) သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့ ဟိန်ကျိုးခရိုင်အဆင့်မြို့နှင့် ပင်းယန်ခရိုင်မှ ကျေးလက်မြို့နယ်အချို့၏ သဘာဝဘေးဒဏ်သင့်မှုမှာ ပြင်းထန်ခဲ့သည်။ မကြာသေးမီရက်အနည်းငယ်တွင် ကွမ်ရှီးဒေသ နန်နင်းမြို့ရှိ သက်ဆိုင်ရာ ဌာနများက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးထံ အလှူငွေနှင့် ကူညီရေးပစ္စည်းများကို အများပြည်သူသို့ လက်ကမ်းပေးခဲ့ရာ နိုင်ငံတစ်ဝန်း နေရာဒေသအသီးသီးမှ ကုမ္ပဏီ လုပ်ငန်း အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပရဟိတ ပုဂ္ဂိုလ်များ၏ တက်ကြွသော တုံ့ပြန်မှုနှင့် အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။ အားလုံးက ငွေကြေးနှင့် ပစ္စည်းများကို တက်ကြွစွာ လှူဒါန်းကာ ဘေးသင့်ဒေသရှိ ပြည်သူများ အခက်အခဲကို ကျော်လွှားနိုင်ရန်၊ မိသားစုဥယျာဉ် ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးခဲ့သည်။ (Xinhua)
...............................
(Chinese Version)
广西南宁:社会各界爱心捐助灾区
新华社照片,南宁,2026年7月12日
受台风“美莎克”影响,广西南宁横州市、宾阳县部分乡镇受灾严重。连日来,广西南宁市有关部门面向全社会公开募集爱心款物,得到全国各地企事业单位、社会团体、爱心人士的积极响应和大力支持,大家踊跃捐款捐物,帮助灾区群众渡过难关、重建家园。
图说:7月12日,志愿者在广西南宁市慈善总会搬运刚运到的爱心物资。 新华社记者 陆波岸 摄






