
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသွားလာမှုကို ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့သည်။
တရားမဝင်ပြည်ပဝင်ရောက်စွက်ဖက်မှုကြောင့် မလုံခြုံသောအခြေအနေများကို ကိုးကား၍ ဟော်မုဇ်ရေလက်ကြားအား ပိတ်လိုက်ကြောင်း အီရန်နိုင်ငံ၏ ဒေသစံတော်ချိန် ဇူလိုင် ၁၂ ရက် နံနက်အစောပိုင်းက ကြေညာချက်နှင့်စပ်လျဉ်း၍ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းချက်အား ပြန်လည်ဖြေကြားရာ၌ လျင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားမှာ နိုင်ငံတကာရေကြောင်းသွားလာရေးဆိုင်ရာ ရေလက်ကြားဖြစ်ကြောင်း၊ ၎င်းရေလက်ကြားတွင် ဘေးကင်းလုံခြုံစွာနှင့် လွတ်လပ်စွာ အမြန်ဆုံးပြန်လည်ဖြတ်သန်းသွားလာနိုင်ခြင်းက ဘက်အသီးသီး၏ အကျိုးစီးပွားများကို ဖော်ဆောင်ပေးကြောင်း လျင်က ပြောကြားခဲ့သည်။
"တရုတ်နိုင်ငံအနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံတွေအပြင် နိုင်ငံကာအသိုင်းအဝိုင်းနဲ့ပါ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိပါတယ်" ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
.................
(English Version)
Passage of Strait of Hormuz should be properly handled: FM spokesperson
BEIJING, July 13 (Xinhua) -- The passage of the Strait of Hormuz should be properly handled, Chinese foreign ministry spokesperson Lin Jian said Monday.
Lin made the remarks at a regular media briefing in response to a question related to Iran's announcement of the Strait of Hormuz's closure in the early morning of July 12 (local time), citing unsafe situations caused by illegal foreign interference.
Lin said the Strait of Hormuz is a strait for international navigation. Resuming safe and free passage in the strait at an early date serves the interest of all sides.
"China stands ready to work with relevant countries and international community to maintain communication," the spokesperson said. ■
English Caption
This photo taken with a mobile phone shows merchant vessels stranded in the waters of the Strait of Hormuz, near Khasab, a small town in northern Oman, May 29, 2026. (Xinhua/Wen Xinnian)






