ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ယခုနှစ်၏ ၉ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း ဘာဗီ (Bavi) (တိုင်ဖွန်းမုန်တိုင်းအဆင့်) ၏ ဗဟိုချက်မှာ ဇူလိုင် ၁၁ ရက် ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ထိုင်ကျိုးမြို့၊ ယွိဟွမ်ခရိုင်အဆင့်မြို့၊ ခန်မန်မြို့နယ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ကုန်းတွင်းဝင်ရောက်ချိန်တွင် ဗဟိုချက်အနီး အပြင်းဆုံး လေတိုက်နှုန်းမှာ အဆင့် ၁၃ (တစ်စက္ကန့်လျှင် ၄၀ မီတာ) ရှိပြီး ဗဟိုချက် အနိမ့်ဆုံးလေဖိအားမှာ ၉၅၅ hPa ရှိကြောင်း၊ ယွိဟွမ်မြို့သို့ ဝင်ရောက်ပြီးနောက် တိုင်ဖွန်း ဘာဗီသည် ဇူလိုင် ၁၂ ရက် ၀၀:၀၀ နာရီဝန်းကျင်တွင် ကျဲ့ကျန်းပြည်နယ်၊ ဝန်းကျိုးမြို့၊ ယွဲ့ချင်းခရိုင်အဆင့်မြို့၊ ချင်းကျန်းမြို့နယ်သို့ ဒုတိယအကြိမ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း ကျဲ့ကျန်းပြည်နယ် မိုး/ဇလဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ဘာဗီ၏ ပြင်းအားသည် တိုင်ဖွန်းအဆင့်မှ အားကောင်းသော အပူပိုင်းမုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် အန်းဟွေးပြည်နယ် အရှေ့ပိုင်းမှ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားသွားမည်ဟု ဗဟို မိုး/ဇလဌာနက ကြိုတင်ခန့်မှန်းထားသည်။

တိုင်ဖွန်း သက်ရောက်မှုများကို တုံ့ပြန်ရန်အတွက် ဒေသအသီးသီးက တက်ကြွစွာ လုပ်ဆောင်ကာ စက်ပစ္စည်းများ စစ်ဆေးခြင်း၊ လမ်းပိတ်ဆို့မှုများအား ရှင်းလင်းခြင်း စသည့် အရေးပေါ် ကယ်ဆယ်ရေးအစီအမံများကို ကောင်းမွန်စွာ လုပ်ဆောင်လျက်ရှိသည်။ (Xinhua)

.........................

(Chinese Version)

做好应急抢险举措 应对台风“巴威”影响

新华社照片,北京,2026年7月12日

据浙江省气象台消息,今年第9号台风“巴威”(台风级)的中心于7月11日23时20分前后在浙江台州玉环坎门登陆,登陆时中心附近最大风力13级(40米/秒),中心最低气压955百帕。登陆玉环后,台风“巴威”又于7月12日00时前后在浙江温州乐清清江镇二次登陆。

中央气象台预报,12日早晨,台风“巴威”强度已由台风级减弱为强热带风暴级,预计将于13日在安徽东部转向东北方向移动。

为应对台风带来的影响,各地积极行动,做好设备检查、路面清障等应急抢险举措。

图说1:7月12日,在浙江台州玉环楚门镇十字老街,应急人员清理被风刮倒的招牌钢架。新华社记者 徐昱 摄

图说2:7月12日,在浙江温州乐清市一处商业综合体,工作人员清理被吹坏的广告牌。新华社记者 江汉 摄

图说3:7月12日,在浙江台州温岭通往玉环的省道旁,工作人员清理被台风刮倒的建筑。新华社记者 徐昱 摄