Video News
SINO-Myanmar
Twitter: မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကား လေ့လာသူများ အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေ #ဆင်ဟွာ
မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကား လေ့လာသူများ အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေ
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
တရုတ်ဘာသာစကား လေ့လာသူ ထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် ချစ်ကြည်ရေး အားကစားပြိုင်ပွဲတစ်ခုကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားရုံ ၁ တွင် ဇူလိုင် ၁၂ ရက်က ကျင်းပခဲ့သည်။
အားကစားကို ချစ်ကြည်ရင်းနှီးမှု၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက် ပေါင်းကူးတံတားတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တရုတ်ဘာသာစကား သင်တန်းကျောင်း (GESC) လှိုင်သာယာမြို့နယ်မှ ကိုဖြိုးခန့်ကျော်က "ဒီပွဲမှာ ပါဝင်တဲ့အတွက် ဆရာမတွေနဲ့ အမှတ်တရ ရမယ်၊ သူငယ်ချင်းတွေနဲ့ အမှတ်တရ ရမယ်၊ ပြီးတော့ တစ်ကျောင်းလုံးနဲ့ သူငယ်ချင်းတွေလို ဖြစ်တယ်။ စာလေ့လာတဲ့ အခါ အထောက်အကူပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမတွေကလည်း ဆက်ဆံရေးကောင်းတယ်။ သူငယ်ချင်းတွေကလည်း ဆက်ဆံရေးကောင်းတယ်။ မိသားစုလို ဖြစ်နေတာပေါ့။တရုတ်စာကို ဘာကြောင့်လေ့လာဖို့ ဆုံးဖြတ်လိုက်လဲဆိုတော့ ဝါသနာပါတာလည်းဟုတ်တယ်။ အလုပ်အကိုင်ရှာရတာလွယ်တာလည်းဟုတ်တယ်။ အဲဒါကြောင့်။ စိတ်ဝင်စားဆုံးအပိုင်းကတော့ သီချင်းတွေဆိုရတဲ့အချိန်၊ အခက်အခဲဆုံးအပိုင်းကတော့ တရုတ်စာလုံးတွေ ရေးရတဲ့ အခါမှာပေါ့” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ထို့အတူ တရုတ်ဘာသာစကား သင်တန်းကျောင်း (GESC) လှည်းတန်း ကျောင်းခွဲမှ အိသဉ္ဇာအောင်က "အဓိကကတော့ ကျောင်းခွဲတွေနဲ့ ပိုပြီးတော့ ရင်းနှီးမှုရလာတာပေါ့၊ သူတို့ရဲ့ ကစားနည်းတွေ ကိုယ်သိရမယ်၊ သူတို့ရဲ့ စိတ်ဓာတ်တွေ အကုန်လုံးပေါ့၊ ကျောင်းခွဲတွေ အကုန်လုံးကို ကိုယ်တွေက မြင်လို့ရမယ်၊ လေ့လာလို့ရမယ်ပေါ့၊ အဓိက ကတော့ ညီမတို့ဘဝရဲ့ careers တစ်ခုအနေနဲ့ ဒီတရုတ်စာကို လေ့လာဖြစ်တာပေါ့၊ အကုန်လုံးကတော့ ရည်ရွယ်ချက် ကိုယ်စီရှိကြတယ်။ စကားပြန်လုပ်ချင်တဲ့လူရှိတယ်၊ နိုင်ငံခြားသွားချင်တဲ့လူရှိတယ်၊ အကုန်လုံးကတော့ သူတို့ဘဝရဲ့ ရည်မှန်းချက်တွေကတော့ မတူဘူး။ ဒါပေမဲ့ တရုတ်စာကကျတော့ ညီမတို့သွားမယ့် လမ်းမှာ careers တစ်ခုအနေနဲ့ အထောက်အကူ အများကြီးကို ပြုပါတယ်၊ နိုင်ငံခြားသွားမှ မဟုတ်ဘူး၊ တရုတ်စာ ကျတော့ ညီမတို့ မြန်မာနိုင်ငံမှာကိုပဲ တရုတ်စာက ပြန်ပြီးတော့ အသုံးချလို့ရတယ်ရှင့်” ဟု ဆင်ဟွာသို့ ပြောသည်။
အဆိုပြိုင်ပွဲအတွင်း အားပေးသံများ၊ ရယ်မောသံများနှင့် အချင်းချင်း အားပေးစကားများဖြင့် စည်ကားသိုက်မြိုက်နေခဲ့ပြီး ကျောင်းသားများသည် ပုံမှန်စာသင်ခန်းများတွင် တရုတ်စာလုံး၊ အသံထွက်နှင့် သဒ္ဒါတို့ကို လေ့လာနေခြင်းမှ ခေတ္တအနားယူကာ အားကစားနှင့် ပျော်ရွှင်ဖွယ်ဂိမ်းအမျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ (Xinhua)







