
မော်စကို၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ရုရှားအမျိုးသားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ၁၂ နာရီကြာ ကာလအတွင်း ယူကရိန်းနိုင်ငံ၏ ဒရုန်း ၁၄၆ စင်းကို ကြားဖြတ်ဟန့်တားကာ တားဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့သည်။
"ဇူလိုင် ၁၃ ရက်က မော်စကိုစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအကြားမှာ တာဝန်ကျလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက မော်စကို၊ Belgorod ၊ Bryansk ၊ Voronezh ၊ Kaluga ၊ Kursk ၊ Oryol ၊ Rostov ၊ ခရိုင်းမီးယား ၊ Ryazan နဲ့ Tula ဒေသတွေအပြင် Azov ပင်လယ်ရေပြင်နဲ့ ပင်လယ်နက်ရေပြင်တွေ အပါအဝင် ရုရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေတွေမှာ ယူကရိန်းနိုင်ငံရဲ့ တောင်ပံအသေတပ်ထားသော ဒရုန်း ၁၄၆ စင်းကို ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးခဲ့ပါတယ်" ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ဇူလိုင် ၁၃ ရက် နေ့လယ်က မြို့တော်မော်စကိုအား ပစ်မှတ်ထားနေခဲ့သည့် ဒရုန်း စုစုပေါင်း ၅ စင်းကို ပစ်ချလိုက်ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin က အတည်ပြုခဲ့သည်။ "အပျက်အစီးတွေ ကျသွားတဲ့နေရာမှာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ရှင်းလင်းလုပ်ဆောင်နေကြပါတယ်" ဟုလည်း မြို့တော်ဝန်က ရုရှားလူမှုပလက်ဖောင်း Max ၌ ဖော်ပြခဲ့သည်။ (Xinhua)
...................
(English Version)
Russia downs 146 Ukrainian drones over 12 hours
MOSCOW, July 13 (Xinhua) -- The Russian Defense Ministry said Monday that national air defense forces intercepted and destroyed 146 Ukrainian drones over a 12-hour period.
"Between 08:00 and 20:00 Moscow Time on Monday, on-duty air defense systems intercepted and destroyed 146 Ukrainian fixed-wing drones over the territories of Russia, including Moscow, Belgorod, Bryansk, Voronezh, Kaluga, Kursk, Oryol, Rostov, Crimea, Ryazan and Tula regions, as well as the waters of the Sea of Azov and the Black Sea," the ministry said in a statement.
Moscow Mayor Sergei Sobyanin confirmed that air defense units had shot down a total of 5 drones targeting Moscow on Monday afternoon. "Emergency response teams are working at the debris fall site," the mayor posted on Russian social platform Max. ■
English Caption
This photo taken on Aug. 1, 2023 shows a building damaged in a drone attack in Moscow, Russia. (Xinhua/Bai Xueqi)







