တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်နေသည့် တရုတ်ကမ်းခြေစောင့်တပ် တုန်းအန်းရေယာဉ်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်နေသည့် တရုတ်ကမ်းခြေစောင့်တပ် တုန်းအန်းရေယာဉ်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဟွာယန် ပင်လယ်သမုဒ္ဒရာ သုတေသနစင်တာ၊ တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ်လေ့လာရေး အမျိုးသား အင်စတီကျုနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ အာရှအကယ်ဒမီ (AAIL) တို့ ပူးတွဲကျင်းပသည့် တောင်တရုတ်ပင်လယ် လုံခြုံရေး စကားဝိုင်းဆွေးနွေးပွဲနှင့် “တောင်တရုတ်ပင်လယ်‌ အနုညာတစီရင်ဆုံးဖြတ်ချက်အပေါ် ငြင်းဆိုချက်အသစ်” ထုတ်ပြန်ခြင်းအခမ်းအနားကို ဇူလိုင် ၁၃ ရက်တွင် တရုတ်နိုင်ငံ ဟောင်ကောင်၌ ကျင်းပခဲ့သည်။

“တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” ၏ “စီရင်ဆုံးဖြတ်ချက်” ဟူသည်ကို ထုတ်ပြန်သည်မှာ ၁၀ နှစ်ပြည့် အခါသမယတွင် အချို့သော တောင်းဆိုသူနိုင်ငံများက အဆိုပါ “စီရင်ဆုံးဖြတ်ချက်” ဟူသည်ကို ၎င်းတို့၏ တစ်ဖက်သတ်ထိပါးမှု လုပ်ရပ်ကို ထောက်ခံပေးရန်အတွက် ကိုးကားခဲ့ပြီး ၎င်း၏ ပြင်ပသို့ ယိုလျှံသော သက်ရောက်မှုသည် တောင်တရုတ်ပင်လယ်ဒေသ၏ တည်ငြိမ်ကောင်းမွန်လာနေသည့်အခြေအနေအား တစ်ဆင့်ချင်း တိုက်စားနေသည်။ ယခုအကြိမ်အစည်းအဝေးသည် တရားမဝင် “စီရင်ဆုံးဖြတ်ချက်” အား အဆက်မပြတ် ဘက်စုံ ငြင်းဆိုရန်၊ “စီရင်ဆုံးဖြတ်ချက်” ၏ ကျန်ရှိသောအဆိပ်အတောက်များကို ဖယ်ရှားရန်၊ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရေးအတွက် ခိုင်မြဲသော ထောက်ခံအားပေးမှု ပံ့ပိုးပေးရန် ရည်ရွယ်သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သဘောတူညီချက်နှင့် ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ချီတာ့ဟိုင်က အမှာစကားပြောကြားရာ၌ “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” ၏ “စီရင်ဆုံးဖြတ်ချက်” ဟူသည်မှာ အနှစ်သာရအရ ဆိုရလျှင် ဥပဒေအရေခြုံထားသော နိုင်ငံရေးကြိုးကိုင်လုပ်ဆောင်မှုပင် ဖြစ်ကြောင်း၊ “အနုညာတခုံရုံး” သည် အခွင့်အာဏာကို ကျော်လွန်၍ စီရင်ခြင်းနှင့် နိုင်ငံတကာဥပဒေအား မှားယွင်းစွာအသုံးပြု၍ ချမှတ်ခဲ့သည့် “စီရင်ဆုံးဖြတ်မှု” သည် တရားမဝင်၍ ထိရောက်မှုမရှိကြောင်း၊ တရုတ်အနေဖြင့် “အနုညာတစီရင်မှု” ကို လက်မခံ၊ မပါဝင်သလို “စီရင်ဆုံးဖြတ်ချက်” ကိုလည်း အသိအမှတ်ပြုခြင်း မရှိရာ ယင်းသည် နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုနှင့်  “ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေ သဘောတူညီချက် (UNCLOS)” ၏ ပြည့်စုံမှု၊ ဩဇာသက်ရောက်မှုကို ကာကွယ်ထိန်းသိမ်းသည့် တရားဝင်မှန်ကန်သော အစီအမံဖြစ်ကြောင်း၊ သို့သော် အမေရိကန်၊ ဖိလစ်ပိုင် စသည့်နိုင်ငံအနည်းစုက “စီရင်ဆုံးဖြတ်ချက်” ကို အဆက်မပြတ် ပုံကြီးချဲ့ပြောဆိုနေသဖြင့် ယင်းအပေါ် အဆက်မပြတ် ငြင်းပယ်၍ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ရန်နှင့် နိုင်ငံတကာ နားလည်သိမြင်မှုကို တည့်မတ်ရန် မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ Fietta ရှေ့နေရေးရာဌာန တည်ထောင်သူ Stephen Fietta က အစည်းအဝေးတွင် ၁၀ နှစ်တာအတွင်း နိုင်ငံ၏ လက်တွေ့ကျင့်သုံးမှု၊ နိုင်ငံတကာ တရားစီရင်မှု လက်တွေ့ဖော်ဆောင်ခြင်းနှင့် ပညာရပ်ဆိုင်ရာ သုတေသနပြုလုပ်မှုများက “တောင်တရုတ်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်ချက်” ၏ နိုင်ငံတကာ ပင်လယ်သမုဒ္ဒရာဥပဒေ တိုးတက်မှုအပေါ် သက်ရောက်မှုမှာ အလွန်အမင်း အကန့်အသတ်ရှိကြောင်း၊ နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာ ပင်လယ်သမုဒ္ဒရာဥပဒေခုံရုံး၏ ဥက္ကဋ္ဌဟောင်းနှင့် နိုင်ငံတကာ နာမည်ကျော် ပင်လယ်သမုဒ္ဒရာ ပညာရှင်များစွာကလည်း “စီရင်ဆုံးဖြတ်ချက်” အပေါ် စနစ်တကျဝေဖန်မှုများ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ အဆိုပါ “စီရင်ဆုံးဖြတ်ချက်” သည် ယေဘုယျအားဖြင့် ဩဇာသက်ရောက်မှုရှိသော နိုင်ငံတကာဥပဒေစည်းမျဉ်းအဖြစ် ပုံပေါ်လာခြင်းမရှိသလို နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်လက်ခံမှုလည်းမရှိကြောင်း ပြောကြားခဲ့သည်။

ဟွာယန် ပင်လယ်သမုဒ္ဒရာ သုတေသနစင်တာ၊ တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ်လေ့လာရေး အမျိုးသား အင်စတီကျု ပညာရပ်ကော်မတီ ဥက္ကဋ္ဌ ဝူစစ်ချွန်က “စီရင်ဆုံးဖြတ်ချက်” သည် တောင်တရုတ်ပင်လယ်အတွက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု သယ်ဆောင်လာပေးခြင်းမရှိသလို သယ်ဆောင်လာပေးမည်လည်း လုံးဝမဟုတ်ကြောင်း၊ ၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် “စီရင်ဆုံးဖြတ်ချက်” သည် တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် “ပြဿနာဖန်တီးသူ” နှင့် “မတည်မငြိမ်ဖြစ်မှု၏ အရင်းခံ” ၊ တရုတ်နိုင်ငံနှင့် အခြားတောင်းဆိုသူနိုင်ငံများက တောင်တရုတ်ပင်လယ်အရေးနှင့်စပ်လျဉ်း၍ နှစ်ဖက်ဆက်ဆံရေးတွင် “အခြေအနေရှုပ်ထွေးအောင် လုပ်ဆောင်သူ”၊ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” ကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော်ခြင်းနှင့် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုကို စနစ်တကျ တွန်းအားပေးခြင်းတွင် အကြီးမားဆုံး အတားအဆီးနှင့် “ခလုတ်တံသင်း” ပင်ဖြစ်ကြောင်း၊ အနာဂတ်တွင် “စီရင်ဆုံးဖြတ်ချက်” နှင့် “စီရင်ဆုံးဖြတ်ချက်” အား အရင်းခံသည့် အဆိုပြုချက်နှင့် လှုပ်ရှားမှုများအပေါ် မဖြစ်မနေလိုအပ်သော တုံ့ပြန်မှုနှင့် အခိုင်အမာဆန့်ကျင်မှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအတွင်း “တောင်တရုတ်ပင်လယ်‌ အနုညာတစီရင်မှု စီရင်ဆုံးဖြတ်ချက်အပေါ် ငြင်းဆိုချက်အသစ်” အစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့ပြီး ဟွာယန် ပင်လယ်သမုဒ္ဒရာ သုတေသနစင်တာ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ရွှီရှောင်တုန်း၊ တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ်လေ့လာရေး အမျိုးသား အင်စတီကျု ဒုတိယဥက္ကဋ္ဌ ကျိုးရုန်တို့က အစီရင်ခံစာအား ထုတ်ပြန်ခြင်းနှင့် အကြောင်းအရာ ရှင်းလင်းဖတ်ကြားခြင်းတို့ လုပ်ဆောင်ခဲ့သည်။

“တောင်တရုတ်ပင်လယ်‌ အနုညာတစီရင်ဆုံးဖြတ်ချက်အပေါ် ငြင်းဆိုချက်အသစ်” အစီရင်ခံစာကို တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ်လေ့လာရေး အမျိုးသား အင်စတီကျုနှင့် ဟွာယန် ပင်လယ်သမုဒ္ဒရာ သုတေသနစင်တာတို့က ပူးတွဲရေးသားခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံ Fietta ရှေ့နေရေးရာဌာနက ဥပဒေရေးရာ ပံ့ပိုးမှုနှင့် အကြံပေးခြင်းဝန်ဆောင်မှုများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီရင်ခံစာက “စီရင်ဆုံးဖြတ်ချက်” သည် ဥပဒေရေးရာအရ  အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အသုံးပြုရန် သင့်လျော်မှု၊ ဖြစ်ရပ်မှန်အား အတည်ပြုမှု၊ ယုံကြည်အားကိုးထိုက်သော သက်သေအဖြစ် လက်ခံခြင်း စသည့်ကဏ္ဍများတွင် ကြီးမားသော လွဲမှားမှုနှင့် အပြစ်အနာအဆာများရှိသည်ကို လှစ်ဟပြလိုက်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်၊ ဗြိတိန်၊ ဂျာမနီ၊ ကနေဒါ၊ ဩစတြေးလျ၊ နယ်သာလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ စသည့်နိုင်ငံနှင့် ဒေသမှ ဧည့်သည်တော်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

南海安全圆桌对话暨《南海仲裁案裁决新批驳》发布会在香港举行

新华社香港7月13日电(肖逸晨、奚天麒)13日,由华阳海洋研究中心、中国南海研究院和亚洲国际法律研究院联合举办的南海安全圆桌对话暨《南海仲裁案裁决新批驳》发布会在中国香港举办。  

时值“南海仲裁案”所谓“裁决”出台十年,部分声索国援引该“裁决”为其单边侵权行为背书,其外溢效应正逐步侵蚀南海地区趋稳向好局面。本次会议旨在为持续、全面批驳非法“裁决”,清除“裁决”遗毒,维护南海和平稳定提供坚实支撑。  

中国外交部条法司司长齐大海发表主旨演讲表示,“南海仲裁案”所谓“裁决”本质上是披着法律外衣的政治操弄。“仲裁庭”越权管辖、错误适用国际法,作出的“裁决”非法、无效。中国不接受、不参与“仲裁”,不承认“裁决”,是维护国际法治和《联合国海洋法公约》完整性、权威性的正当举措。然而,美国、菲律宾等少数国家仍不断翻炒“裁决”,对此,有必要持续批驳,捍卫公平正义、匡正国际视听。  

英国菲耶塔律师事务所创始人斯蒂芬·菲耶塔在会上表示,十年来的国家实践、国际司法实践和学术研究表明,“南海仲裁案裁决”对国际海洋法的发展影响十分有限。多位国际法院、国际海洋法法庭前任院长及国际知名海洋法学者也对“裁决”提出系统性批评。该“裁决”根本没有形成具有普遍影响力的国际法规则,也从未获得国际社会的广泛接受。  

华阳海洋研究中心理事长、中国南海研究院学术委员会主席吴士存表示,“裁决”并没有、也绝不可能给南海带来和平与安宁,相反已成为南海和平稳定的“麻烦制造者”和“动乱之源”、中国与其他声索国涉南海问题双边关系的“搅局者”、全面有效落实《南海各方行为宣言》和有序推进“南海行为准则”磋商的最大障碍和“绊脚石”。未来仍需持续对“裁决”以及基于“裁决”的主张及行动予以必要回应和坚决反制。  

会议期间还发布了《南海仲裁案裁决新批驳》报告,华阳海洋研究中心常务副理事长徐晓东、中国南海研究院副院长周勇进行了报告发布与内容解读。  

据悉,《南海仲裁案裁决新批驳》由中国南海研究院和华阳海洋研究中心联合编写,英国菲耶塔律师事务所提供法律支撑和咨询服务,揭示“裁决”在法律解释和适用、事实认定、证据采信等方面存在重大谬误和瑕疵。  

来自中国、英国、德国、加拿大、澳大利亚、荷兰、日本、韩国、马来西亚、缅甸、斯里兰卡等国家和地区的100余位嘉宾出席会议。(完

图说:2026年6月10日,中国海警东安舰在南海巡航(无人机照片)。新华社记者张睿