ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသော “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် ပဉ္စမတွဲ ကာဂျစ္စတန်နိုင်ငံ မိတ်ဆက်ပွဲတွင် ဆွေးနွေးဖလှယ်ရေးအစီအစဉ်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသော “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် ပဉ္စမတွဲ ကာဂျစ္စတန်နိုင်ငံ မိတ်ဆက်ပွဲတွင် ဆွေးနွေးဖလှယ်ရေးအစီအစဉ်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

“ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် ပဉ္စမတွဲ ကာဂျစ္စတန်နိုင်ငံ မိတ်ဆက်ပွဲကို ဇူလိုင် ၁၃ ရက်တွင် ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကက်၌ ကျင်းပခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) တည်ထောင်ခြင်း ၂၅ နှစ်မြောက် အခါသမယတွင် တရုတ်-ကာဂျစ္စတန် နှစ်နိုင်ငံမှ နယ်ပယ်အသီးသီးလူပုဂ္ဂိုလ်များနှင့် SCO မိသားစုကြီးမှ ကိုယ်စားလှယ်များက “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” ပဉ္စမတွဲနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်မှုများ လုပ်ဆောင်ခြင်းသည် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ အဆိုပါအရေးကြီးသည့် စာအုပ်သည် တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှု၏ အယူအဆနှင့် လက်တွေ့ကျင့်သုံးခြင်းကို စနစ်တကျ ရှင်းလင်းဖော်ပြထားပြီး တရုတ်နိုင်ငံက လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးသည့် မျှော်မှန်းချက်နှင့် နည်းလမ်းကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှုအား နားလည်သိရှိခြင်း၊ ယနေ့ခေတ် တရုတ်နိုင်ငံအကြောင်း သိရှိနိုင်သည့် ဩဇာသက်ရောက်မှုရှိသော ရေးသားဖော်ပြချက်စာအုပ် ဖြစ်ရုံသာမက တရုတ်-ကာဂျစ္စတန် နှစ်နိုင်ငံက နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ ဖလှယ်မှုကို နက်ရှိုင်းစေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုအား မြှင့်တင်ခြင်းအတွက် အရေးကြီးလိုက်နာရန်အချက်များ ပံ့ပိုးပေးလိုက်ကြောင်း ပွဲတက်ရောက်လာသည့် ဧည့်သည်တော်များက ယူဆကြသည်။

ကာဂျစ္စတန်နိုင်ငံ သမ္မတဟောင်း Roza Otunbayeva က လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အယူအဆသည် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုသည့် ကမ္ဘာအပေါ်သက်ရောက်မှုရှိသော အတွေးအခေါ်နှင့် အယူအဆဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွ တည်ဆောက်ခြင်းသည် မိမိတို့အတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်များ သယ်ဆောင်လာပေးပြီး ကာဂျစ္စတန်က ယူရေးရှားကုန်းမြေကြီး၏ အရေးကြီးအချက်အချာအဖြစ် တစ်ဆင့်ချင်း ပြောင်းလဲလာရန် အားဖြည့်ပေးကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အတွင်းပိုင်းယုတ္တိဗေဒ၊ စီမံခန့်ခွဲမှုယန္တရားနှင့် ရေရှည်အအစီစဉ်ရေးဆွဲမှုအား ထဲထဲဝင်ဝင် သုတေသနပြုလုပ်ခြင်းသည် အရေးကြီးသော လက်တွေ့ဖော်ဆောင်မှုတန်ဖိုးရှိကြောင်း ၎င်းက ဆိုသည်။

ကာဂျစ္စတန်နိုင်ငံ နိုင်ငံတော်အတွင်းရေးမှူး Arslan Koichiev က အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံသည် မာ့ခ်ဝါဒအား ရေမြေနှင့်အလိုက်သင့်လျော်ညီသောအသွင်ပြောင်းမှု လုပ်ဆောင်ရာတွင် အအောင်မြင်ဆုံးနိုင်ငံဖြစ်ပြီး မာ့ခ်ဝါဒနှင့် မိမိနိုင်ငံအခြေအနေအား ပေါင်းစည်းသည့်လမ်းကြောင်းတွင် ကြွယ်ဝသောအတွေ့အကြုံများ ရရှိခဲ့ကြောင်း၊ ၂၁ ရာစု မာ့ခ်ဝါဒအား နားလည်သိရှိလိုပါက သမ္မတ ရှီကျင့်ဖိန်၏ ရေးသားမှုကို သေသေချာချာ ဖတ်ရှုလေ့လာသင့်ကြောင်း၊ “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်အား ဖတ်ရှုခြင်းသည် ကာဂျစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကမ္ဘာကြီးနှင့် ဆက်သွယ်ရေးကို ထဲထဲဝင်ဝင် တွေးတောရန် အထောက်အကူပြုပြီး မိမိတို့ကို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုဖြင့် လူမှုယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုအား မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား တွန်းအားပေးရန် အားပေးလှုံ့ဆော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဖြောင်ယန်ဖန်က တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံသည် SCO ၏ စတင်တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အားလျော်စွာ “ရှန်ဟိုင်း ငါးနိုင်ငံ” ယန္တရား တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်မူထူးခြားသော အကျိုးဆောင်မှု လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါအရေးကြီးစာအုပ်တွင် သမ္မတ ရှီကျင့်ဖိန်၏ တရုတ်-ဗဟိုအာရှ အေးအတူပူအမျှ အသိုက်အဝန်းနှင့် SCO အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် စပ်လျဉ်းသည့် အရေးကြီး မိန့်ခွန်းပြောဆိုချက်များကို မှတ်တမ်းတင်ထားပြီး ဒေသတွင်းနိုင်ငံအသီးသီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ လုံခြုံ၍ တည်ငြိမ်သော ပတ်ဝန်းကျင်ကို ခိုင်မာစေရေး၊ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှု မြှင့်တင်ရေး၊ ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှု မြှင့်တင်ရေးအတွက် ဦးတည်ချက်လမ်းညွှန်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံက ကာဂျစ္စတန် ဧည့်သည်တော်များကို “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ် တတိယတွဲ ကာဂျစ္စတန်ဘာသာစကားဗားရှင်း၊ ပဉ္စမတွဲ ရုရှားဘာသာစကားဗားရှင်း စာအုပ်များ လက်ဆောင်ပေးအပ်ခဲ့သည်။ ကာဂျစ္စတန်နိုင်ငံမှ ကျန်းမာရေးနှင့် သတင်းထောက်ကိုယ်စားလှယ်များက နှစ်နိုင်ငံအတူလက်တွဲ၍ ပြည်သူသာ အဓိက အယူအဆအား လက်တွေ့ကျင့်သုံးသည့် ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာကို မျှဝေခဲ့ကြသည်။ အခမ်းအနားတက်ရောက်လာသော ပညာရှင်များက တရုတ်အသွင်ပုံစံ ခေတ်မီမှု၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI)၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်မှု၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာဖလှယ်မှု စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ယခုအကြိမ်အခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံး၊ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာစကားဖြင့် ထုတ်ဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန (CICG) နှင့် ကာဂျစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ အတူတကွကျင်းပခြင်းဖြစ်ပြီး တရုတ်-ကာဂျစ္စတန်နှစ်နိုင်ငံမှ နိုင်ငံရေးပါတီ၊ မီဒီယာ၊ Think Tank စသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်အား ဖတ်ရှုနေသည့် မီဒီယာသတင်းထောက်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် “ရှီကျင့်ဖိန်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်အား ဖတ်ရှုနေသည့် မီဒီယာသတင်းထောက်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

《习近平谈治国理政》第五卷吉尔吉斯斯坦推介会在比什凯克举行

新华社比什凯克7月13日电(记者江宥林 赵宇)《习近平谈治国理政》第五卷吉尔吉斯斯坦推介会13日在吉尔吉斯斯坦首都比什凯克举行。  

与会嘉宾认为,在上海合作组织成立25周年之际,中吉两国各界人士以及上合大家庭的代表围绕《习近平谈治国理政》第五卷开展交流研讨具有重要意义。这部重要著作系统阐释了中国式现代化的理论和实践,生动呈现了中国推动构建人类命运共同体的愿景和方案,既是了解中国式现代化、读懂当代中国的权威著作,也为中吉两国深化治国理政经验交流、加强发展战略对接提供了重要遵循。  

吉尔吉斯斯坦前总统奥通巴耶娃指出,构建人类命运共同体理念是习近平主席提出的具有世界影响力的思想和主张,高质量共建“一带一路”为我们带来了新的发展机遇,助力吉尔吉斯斯坦逐步转变为欧亚大陆的重要枢纽。她表示,深入研究中国发展的内在逻辑、治理机制和长期规划,具有重要实践价值。  

吉尔吉斯斯坦国务秘书科伊奇耶夫在致辞中表示,中国是马克思主义本土化最成功的国家,在将马克思主义与本国国情相结合的道路上积累了丰富经验。了解21世纪的马克思主义,应当认真研读习近平主席的著作。阅读《习近平谈治国理政》这部著作,有助于深入思考吉尔吉斯斯坦与中国、与世界的关系,鼓舞我们以务实合作增进文明互鉴、推动发展繁荣。  

上海合作组织副秘书长朴扬帆说,中国和吉尔吉斯斯坦作为上合组织创始成员国,为“上海五国”机制的建设和发展作出独特贡献。这部重要著作收录了习近平主席有关建设中国-中亚命运共同体和上合组织命运共同体的重要讲话,为深化地区各国团结协作、巩固安全稳定环境、加强发展战略对接、促进民心相通指明了方向。  

活动中,中方向吉尔吉斯斯坦嘉宾赠送了《习近平谈治国理政》第三卷吉文版、第五卷俄文版图书。吉方医护和记者代表分享了两国携手践行人民至上理念的合作故事。与会专家聚焦中国式现代化、构建人类命运共同体、全球治理倡议、共建“一带一路”、文明交流互鉴等议题展开交流研讨。  

本次活动由中国国务院新闻办公室、中国外文局和中国驻吉尔吉斯斯坦大使馆共同主办。中吉两国政党、媒体、智库等各界代表约300人出席活动。(完)

图说1:这是7月13日在吉尔吉斯斯坦比什凯克拍摄的推介会交流研讨环节。新华社记者 李任滋 摄

图说2:7月13日,在吉尔吉斯斯坦比什凯克,媒体记者翻阅《习近平谈治国理政》。新华社记者 李任滋 摄