တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် Beidahuang Group လက်အောက်ရှိ 856 ကုမ္ပဏီခွဲ၏ စပါးခင်းများတွင် ဝေဟင်မှတစ်ဆင့် ဓာတုဆေးဖျန်းလုပ်ငန်းများ လုပ်ဆောင်နေသည့် စိုက်ပျိုးရေးသုံးလေယာဉ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ မြောက်ပိုင်းသည် စိုက်ပျိုးသီးနှံများ “ကျန်းမာသန်စွမ်းရေး၊ ရောဂါကာကွယ်ရေး” အတွက် အဓိကကျသော ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ဟေးလုံကျန်းပြည်နယ် Beidahuang Group မှ စိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်ရေးဌာနအသီးသီးက လယ်ယာများတွင် ဝေဟင်မှတစ်ဆင့် ဓာတုဆေးဖျန်းလုပ်ငန်းဆောင်ရွက်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည် ရောဂါကာကွယ်ခြင်း၊ မြေဩဇာဖြည့်ပေးခြင်း၊ ပိုးသတ်ခြင်းတို့မှတစ်ဆင့် ပေါင်းစည်းကာကွယ်စီမံခန့်ခွဲခဲ့ပြီး စိုက်ပျိုးသီးနှံများ ရှင်သန်ကြီးထွားရန်အတွက် “ဝေဟင်မှ စောင့်ရှောက်ကာကွယ်မှုများ” ပြုလုပ်ခဲ့သည်။ (Xinhua)

.........................

(Chinese Version)

“黑土粮仓”开启农田“空中护航”

新华社照片,哈尔滨,2026年7月15日

时下,北方正处于农作物“健身防病”的关键时期,黑龙江垦区北大荒集团各农业生产单位陆续开展农田航化作业,通过防病、追肥、灭虫统防统治,为作物生长“空中护航”。

图说1、2:7月14日,在黑龙江北大荒农业股份有限公司八五六分公司水稻地块,农用飞机在进行航化作业(无人机照片)。 新华社发(王金彬摄)