တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးနေသည်ကို 
၂၀၂၆ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ရှန်ဟိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်သော  ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နှင့် ဇူလိုင် ၁၆ ရက် ညပိုင်းက ရှန်ဟိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက Mohammad Ishaq Dar အား ပါကစ္စတန်နိုင်ငံအစိုးရကိုယ်စား ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်မှုအဖွဲ့ တည်ထောင်ခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအပေါ်  ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်၊ ဉာဏ်ရည်တုကဏ္ဍ ကောင်းမွန်၍ အများအကျိုးဖြစ်ထွန်းသည့်လားရာသို့ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုကို ထောက်ကူပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာ ဆန်းသစ်တိုးတက်မှုကိုလည်း မြှင့်တင်ပေးရန် ဆန္ဒရှိကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံအကြီးအကဲများ ရရှိပြီးသော အရေးကြီးသဘောတူညီချက်များကို အတူတကွ ဖော်ဆောင်ကာ ပိုမိုနီးကပ်သည့် တရုတ်-ပါကစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်းကို အရှိန်မြှင့်တည်ဆောက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Mohammad Ishaq Dar က ပါကစ္စတန်နိုင်ငံအနေဖြင့် ပါကစ္စတန်-တရုတ် သံမဏိပမာ ခိုင်မြဲသည့်ချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နှစ်နိုင်ငံ အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ်ရှေ့သို့ တိုးတက်သွားစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

王毅会见巴基斯坦副总理兼外长达尔

新华社上海7月16日电(记者邵艺博、程思琪)7月16日晚,中共中央政治局委员、外交部长王毅在上海会见来华出席世界人工智能大会的巴基斯坦副总理兼外长达尔。

王毅欢迎达尔代表巴政府签署成立世界人工智能合作组织协定,表示中方愿同巴方加强协调合作,推动人工智能向善普惠发展,助力发展中国家经济增长,也带动全球科技创新进步。双方要共同落实好两国领导人达成的重要共识,加快构建更加紧密的中巴命运共同体。

达尔表示,巴方珍视巴中铁杆友谊,愿同中方加强各领域合作,推动两国全天候战略合作伙伴关系不断向前发展。(完)

1.     5月28日,中共中央政治局委员、外交部长王毅在纽约会见巴基斯坦副总理兼外长达尔。 新华社记者 张凤国 摄