တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်ဆိပ်ကမ်းရှိ ကုန်သေတ္တာဆိပ်ကမ်း၌ ကုန်သေတ္တာ အတင်အချလုပ်နေသော ကုန်တင်သင်္ဘောများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က ဝေဟင်မှဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်ဆိပ်ကမ်းရှိ ကုန်သေတ္တာဆိပ်ကမ်း၌ ကုန်သေတ္တာ အတင်အချလုပ်နေသော ကုန်တင်သင်္ဘောများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က ဝေဟင်မှဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ပထဝီနိုင်ငံရေး တင်းမာမှုများ၊ ကုန်သွယ်ရေးပဋိပက္ခများနှင့် စီးပွားရေးတိုးတက်မှု နှေးကွေးတုံ့ဆိုင်းမှုတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး မရေရာမှုများ မြင့်တက်လာခိုက် တရုတ်နိုင်ငံ၏ စီးပွားရေးရထားကြီးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ခုတ်မောင်းကာ လမ်းကြောင်းတစ်လျှောက်တွင် ပိုမိုကောင်းမွန်စွာ အဆင့်မြှင့်တင်လျက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ငြိမ်မှုကို အဓိကထိန်းမတ်ပေးသော အခန်းကဏ္ဍအား အခိုင်အမာတည်ဆောက်လျက်ရှိပေသည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးသည် သင့်တင့်မျှတသည့် အတိုင်းအတာအတွင်း လည်ပတ်လျက်ရှိကာ စီးပွားရေးလည်ပတ်မှု၏ အခြေခံစနစ်များမှာလည်း မပြောင်းမလဲရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဇူလိုင် ၁၅ ရက်၌ ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ထို့ပြင် ပြည်ပကုန်သွယ်မှုအခြေအနေ ခိုင်မာအားကောင်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှု မောင်းနှင်အားအသစ်များ ကျယ်ပြန့်လာခြင်း၊ စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်းရှိခြင်းတို့ကိုလည်း အဆိုပါ ကိန်းဂဏန်းများက ညွှန်ပြလျက်ရှိသည်။

ထိုအတောအတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု သုံးရာခိုင်နှုန်းရှိနိုင်မည်ဟု မကြာမီက လျှော့ချခန့်မှန်းခဲ့သော်လည်း တရုတ်နိုင်ငံ၏ တစ်နှစ်တာ စီးပွားရေးတိုးတက်မှုကိုမူ ၀.၂ ရာခိုင်နှုန်းပွိုင့် တိုးမြှင့်ကာ ၄.၆ ရာခိုင်နှုန်း ရှိနိုင်မည်ဟု ခန့်မှန်းခဲ့သည့်အတွက် တရုတ်နိုင်ငံသည် အတက်ဘက်သို့ ပြင်ဆင်ခန့်မှန်းခံရသည့် စီးပွားရေးအင်အားကြီး နိုင်ငံအနည်းငယ်တွင် ပါဝင်ခဲ့သည်။

စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှုတို့ဖြင့် ပိုမိုမောင်းနှင်တွန်းအားပေးလာသည့် စီးပွားရေးတစ်ရပ် ရှိပေသည်။  စီးပွားရေးတိုးတက်မှု မောင်းနှင်အားအသစ်များက ပထမနှစ်ဝက်တွင် စီးပွားရေးတိုးတက်မှု၏ ၄၀ ရာခိုင်နှုန်းကျော်အထိ အားဖြည့်ပံ့ပိုးပေးခဲ့သလို အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများကလည်း ဆက်လက်တိုးတက်ကျယ်ပြန့်လျက်ရှိသည်။

ယခုနှစ် ပထမခြောက်လတာအတွင်း နည်းပညာမြင့် ကုန်ထုတ်လုပ်ငန်း၏ တန်ဖိုးမြှင့်ထုတ်ကုန် ပမာဏမှာ ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အီလက်ထရောနစ်ပစ္စည်းများနှင့် ကွန်ပျူတာအစိတ်အပိုင်းများကဲ့သို့သော ကွန်ပျူတာဟာ့ဒ်ဝဲပစ္စည်းများ တင်ပို့ခြင်း၊ တင်သွင်းခြင်းတို့မှာလည်း ၅၆.၆ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့်တက်ကာ ယွမ် ၅.၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၅၇ ဘီလီယံကျော်) ရှိခဲ့သည်။ AI နည်းပညာသုံးထုတ်ကုန်များ၊ ကာဗွန်ထုတ်လွှတ်မှုနည်းသော အစိမ်းရောင်ထုတ်ကုန်များ၊ အဆင့်မြင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့မှုမှာလည်း ခိုင်ခိုင်မာမာ တိုးတက်ခဲ့ကြောင်း သိရသည်။

စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ၊ ဆိုလာထုတ်ကုန်များ၊ လစ်သီယမ်ဘက်ထရီများ အပါအဝင် တရုတ်နိုင်ငံ၏ အဓိကပို့ကုန်သစ်များ၏ အားကောင်းသော စွမ်းဆောင်မှုက ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ကူးပြောင်းမှုကို အားဖြည့်ပံ့ပိုးပေးလျက်ရှိသည်။ နည်းပညာဆန်းသစ်တီထွင်မှုနှင့် အကြီးစား ကုန်ထုတ်လုပ်မှုတို့ကလည်း ကမ္ဘာတစ်လွှား၌ သန့်ရှင်းစွမ်းအင်နည်းပညာ ကုန်ကျစရိတ်များ လျှော့ချနိုင်စေရန် အထောက်အကူပေးခဲ့ရာ နိုင်ငံများစွာအတွက် စွမ်းအင်အသွင်ကူးပြောင်းမှုကို ပိုမိုလက်လှမ်းမီစေခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းကို ပြည်တွင်းဝယ်လိုအား ဆက်တိုက်ပြန်လည်အားကောင်းလာမှုနှင့် အဆင့်မြင့်တံခါးဖွင့်လှစ်မှုအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ပြုမှုတို့ကလည်း အထောက်အကူပြုလျက်ရှိသည်။

တရုတ်နိုင်ငံ၏ ဝယ်ယူသုံးစွဲမှုအင်အားကို ညွှန်ပြသော အဓိကညွှန်းကိန်းဖြစ်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ စုစုပေါင်း လက်လီရောင်းအားသည်လည်း ယမန်နှစ် အလားတူကာလထက် ၂.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ စားသုံးသူဈေးကွက် တည်ငြိမ်တိုးတက်နေမှုကို ထင်ဟပ်စေသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260716/b644f8f4fe8d4c55af4813712e3e4b58/c.html

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ရှိ ဈေးတစ်ခု၌ ဈေးဝယ်နေသူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ရှိ ဈေးတစ်ခု၌ ဈေးဝယ်နေသူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

....................................................................................

(English Version)

China's economy keeps moving forward amid global headwinds

BEIJING, July 16 (Xinhua) -- Amid mounting uncertainty in the global economy stemming from geopolitical tensions, trade frictions and slowing growth, the train of the Chinese economy has kept moving forward and upgrading along the way, reinforcing its role as a key anchor of stability for the global economy.

The world's second-largest economy has operated within an appropriate range, and the fundamentals of economic operation remain unchanged. Wednesday's official data showed China's gross domestic product (GDP) grew 4.7 percent year on year in the first half of 2026 (H1). The figures also pointed to solid foreign trade performance, expanding new growth drivers and continued economic resilience.

The International Monetary Fund, meanwhile, recently lowered its forecast for global economic growth this year to 3 percent, while raising its projection for China's full-year growth by 0.2 percentage points to 4.6 percent, making China one of the few major economies to receive an upward revision.

Behind the growth figures lies an economy that is becoming increasingly driven by innovation and industrial upgrading. New growth drivers contributed more than 40 percent of economic growth in H1, with high-end manufacturing, digital economy and modern services continuing to expand.

In the first six months of this year, the value-added output of high-tech manufacturing climbed 13.3 percent. Imports and exports of computing hardware, such as electronic components and computer parts, jumped 56.6 percent to 5.13 trillion yuan (over 757 billion U.S. dollars). AI-powered products, green low-carbon goods and high-end equipment also recorded strong export growth.

The strong performance of China's new export pillars, including new energy vehicles, photovoltaic products and lithium batteries, has contributed to the global green transition. Technological innovation and large-scale manufacturing have helped lower the cost of clean energy technologies worldwide, making the energy transition more affordable for many countries.

China's resilience is also supported by the continued recovery of domestic demand and the country's commitment to high-level opening-up.

The total retail sales of goods and services, a major indicator of the country's consumption strength, increased by 2.7 percent year on year, reflecting a steadily improving consumer market.

https://english.news.cn/20260716/b644f8f4fe8d4c55af4813712e3e4b58/c.html

English Caption 1

An aerial drone photo taken on July 14, 2026 shows cargo ships loading and unloading containers at a container terminal of Lianyungang Port, east China's Jiangsu Province. (Photo by Wang Chun/Xinhua)

English Caption 2

Consumers shop at a market in Huzhou, east China's Zhejiang Province, July 9, 2026. (Photo by Yi Fan/Xinhua)