
လားဆ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
စန်းလုံဇန့်ပုမြစ်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ နီမာခရိုင် မြောက်ပိုင်း ချန်းထန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ အဓိကဇုန် အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။ နှစ်စဉ် ဇူလိုင်လဝန်းကျင်တွင် စန်းလုံဇန့်ပုမြစ်မှ ကီလိုမီတာတစ်ရာကျော်ကွာဝေးသော သားပေါက်မွေးဖွားရာနေရာ၌ မွေးဖွားခဲ့သည့် ရှီးဇန့်ဒရယ်ငယ်သားပေါက်ကလေးများသည် မိခင်ဒရယ်နှင့်အတူ နေထိုင်ကျက်စားရာဒေသသို့ ရွှေ့ပြောင်းခဲ့သည်။ ရှီးဇန့်ဒရယ်ငယ်များသည် ယင်းနေရာတွင် စုဝေးခဲ့ကြပြီး စီစီရီရီ မြစ်ကူးဖြတ်သန်းကြရာ မြင်ကွင်းမှာ ကျယ်ပြောခမ်းနားလှပပေသည်။
မကြာသေးမီ ၃ နှစ်အတွင်း ယင်းနေရာတွင် မြစ်ကူး ရွှေ့ပြောင်းသွားလာသော ရှီးဇန့်ဒရယ်ငယ် မျိုးစိတ်အုပ်စု အရေအတွက်မှာ အနည်းဆုံး နှစ်စဉ် အကောင်ရေ ၁၅၀,၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းရကြောင်း ချန်းထန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ နာ့ချွီဒေသစီမံခန့်ခွဲရေးဌာန ချော့လော်မုစီမံခန့်ခွဲရေးစခန်းမှ အကြီးအကဲဖြစ်သူ အာဝမ့်လော့ကျော်၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)
......................
(Chinese Version)
藏羚羊在羌塘携新生幼崽渡河
新华社照片,拉萨,2026年7月16日
森隆藏布河地处西藏那曲市尼玛县北部羌塘国家级自然保护区核心区深处,大约每年7月,在森隆藏布河上百公里外产羔地出生的藏羚羊幼崽都要跟随母羊迁徙回栖息地。藏羚羊们齐聚于此,陆续过河,场面蔚为壮观。
据羌塘国家级自然保护区那曲地区管理局措罗木管理站站长阿旺洛卓介绍,近3年来,从此处过河迁徙的藏羚羊种群规模保守估计每年都超过15万只。
图说1:7月12日,藏羚羊在森隆藏布河岸边准备携带幼崽渡河。 新华社记者 姜帆 摄
图说2:7月12日,在森隆藏布河岸边,藏羚羊携带幼崽渡河后经过玛依雪山脚下。新华社记者 姜帆 摄






