ကျူးဘားနိုင်ငံ မြို့တော်ဟာဗားနားတွင် စက်ဘီးနှင့်အမျိုးသမီးတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကျူးဘားနိုင်ငံ မြို့တော်ဟာဗားနားတွင် စက်ဘီးနှင့်အမျိုးသမီးတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိက လတ်တလောကာလတွင် ကျူးဘားနိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်သည့် ဖြစ်နိုင်ခြေအား လေ့လာနေသည်ဟူသော သတင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အသုံးပြုခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” အား ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်ပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြင်းပြင်းထန်ထန် အန္တရာယ်ပြုနေသဖြင့် တရုတ်ဘက်က အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံက နိုင်ငံတော်အချုပ်အခြာအာဏာအား ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်ပဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ခြင်းကို ဆက်လက်ခိုင်မြဲစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိက လတ်တလောကာလတွင် ကျူးဘားနိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်သည့် ဖြစ်နိုင်ခြေအား လေ့လာနေပြီး အမေရိကန်စစ်သား ထောင်နှင့်ချီစေလွှတ်၍ ရုတ်တရက်တိုက်ခိုက်မှု လုပ်ဆောင်ရန် စဉ်းစားနေသော်လည်း ယင်းသည် သမ္မတ ထရမ့်က လှုပ်ရှားမှုစတင်ရန် ဆုံးဖြတ်လိုက်သည်ဟု မဆိုလိုကြောင်း သတင်းဖော်ပြချက်အရ သိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။

“ကျွန်တော်တို့က သက်ဆိုင်ရာ သတင်းဖော်ပြချက်ကို သတိပြုမိပါတယ်” ၊ နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အသုံးပြုခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” အား ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်ပြီး ကမ္ဘာနှင့် ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ပြင်းပြင်းထန်ထန် အန္တရာယ်ပြုနေသဖြင့် တရုတ်ဘက်က အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ မကြာသေးမီက ကုလသမဂ္ဂ အထွေထွေညီလာခံသည် မဲအများစုရလဒ်ဖြင့် “အမေရိကန်က ကျူးဘား၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ မဖြစ်မနေ ရပ်တန့်ရမည်” နှင့် စပ်လျဉ်း၍ အချေအတင်ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းက ကျူးဘားအား ထောက်ခံအားပေးမှု၊ ပိတ်ဆို့မှုအား ဆန့်ကျင်မှု ဟူသည့် တရားမျှတမှုအသံများကို ထင်ဟပ်စေကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“အမေရိကန်က ကျူးဘားအပေါ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုနဲ့ မည်သည့်အသွင်ပုံစံနဲ့မဆို ပိတ်ဆို့မှုတွေကို ချက်ချင်းရပ်တန့်သင့်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကျူးဘားနိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာအား ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်ပဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ခြင်းကို ဆက်လက်ခိုင်မြဲစွာ ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

外交部:中方将继续坚定支持古巴反对外来干涉

新华社北京7月16日电(记者董雪、温馨)针对有报道称美国国防部高级官员近期研究对古巴发动军事行动的可能性,外交部发言人林剑16日表示,在国际关系中使用武力或以武力相威胁,严重违反《联合国宪章》,严重危及世界和地区和平与安全,中方坚决反对。中方将继续坚定支持古巴维护国家主权、反对外来干涉。  

当日例行记者会上,有记者问:据报道,美国国防部高级官员近期研究了对古巴发动军事行动的可能性,考虑派遣数千名美国军人采取突袭,但不意味着特朗普总统已决定发起行动。中方对此有何评论?  

“我们注意到有关报道。”林剑说,在国际关系中使用武力或以武力相威胁,严重违反《联合国宪章》,严重危及世界和地区和平与安全,中方坚决反对。日前,联合国大会以压倒性多数决定继续就“必须终止美国对古巴的经济、商业和金融封锁”举行辩论,体现了国际社会支持古巴、反对封锁的正义之声。  

“美方应立即停止对古巴的武力威胁和任何形式的封锁。中方将继续坚定支持古巴维护国家主权、反对外来干涉。”林剑说。(完

图说:3月17日,在古巴首都哈瓦那,一名女子骑自行车出行新华社发(华金·埃尔南德斯摄