တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲ၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ယူနန် နိုင်ငံတကာဖြန့်ချိရေးဖိုရမ်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲ၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ယူနန် နိုင်ငံတကာဖြန့်ချိရေးဖိုရမ်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှစ်ဆောင်ပဏ္ဏား (ယူနန်)၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် ယူနန် နိုင်ငံတကာဖြန့်ချိရေးဖိုရမ်ကို ဇူလိုင် ၁၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်တွင် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်၊ မီဒီယာနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တို့က ကမ္ဘာ့အမွေအနှစ် ကာကွယ်ထိန်းသိမ်းမှု၊ ဒေသတွင်းနိုင်ငံဆိုင်ရာ သုတေသနလေ့လာမှု စသည့် နိုင်ငံတကာဖြန့်ချိရေး အကြောင်းအရာများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ပြီး နိုင်ငံတကာဖြန့်ချိရေး ယန္တရားအသစ်၊ လမ်းကြောင်းအသစ်အား အတူဆွေးနွေးခဲ့ကြသည်။

ဖိုရမ်တွင် ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့၏ “လူသားနှင့်သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်မှု - တရုတ်တောဆင်ရိုင်းဥယျာဉ်၏ ဂေဟယဉ်ကျေးမှု လျှို့ဝှက်ချက်” အစီရင်ခံစာအား ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းရေးအတွက် တရုတ်နမူနာကို ထဲထဲဝင်ဝင် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး လူသားနှင့် သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်သည့် ခေတ်မီအသွင်ပြောင်းမှုဆီသို့ တက်လှမ်းသည့် အတွေ့အကြုံလမ်းစဖွင့်မှုများကို အနှစ်ချုပ်ကောက်နုတ်ထားကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

第五届大象国际传播论坛在云南西双版纳举行

新华社照片,西双版纳(云南),2026年7月16日

7月16日,第五届大象国际传播论坛在云南省西双版纳傣族自治州举行。国内外专家学者、媒体及有关机构代表,围绕世界遗产保护、区域国别研究等国际传播议题展开交流,共话国际传播新机制、新路径。

论坛发布了新华社国家高端智库报告《人与自然和谐共生——中国野象乐园的生态文明密码》,报告深度解析了野象保护的中国样本,总结提炼了迈向人与自然和谐共生的现代化的经验启示。

图说1:这是7月16日拍摄的第五届大象国际传播论坛现场。 新华社记者 陈欣波

图说2:7月16日,嘉宾在第五届大象国际传播论坛上阅读《人与自然和谐共生——中国野象乐园的生态文明密码》智库报告新华社记者 陈欣波