
ဂျီနီဗာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
International Modern Pentathlon Union (UIPM) ၏ ငါးမျိုးစုံအားကစားပြိုင်ပွဲနှင့် အတားအဆီးဖြတ်ကျော်ပြေးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို ပထမဆုံးအကြိမ် ပေါင်းစပ်မည့် "တရုတ်နိုင်ငံတစ်ဝန်းအပြေးပြိုင်ပွဲ" အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် UIPM ၂၀၂၆ ခုနှစ် အတားအဆီးဖြတ်ကျော်ပြေးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပေကျင်း ယူနီဗာဆယ်စတူဒီယိုတွင် စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း UIPM က ဇူလိုင် ၂၂ ရက်၌ ကြေညာခဲ့သည်။
"UIPM အတားအဆီးဖြတ်ကျော်ပြေးပြိုင်ပွဲရဲ့ ဒုတိယအကြိမ်မြောက်ပွဲကို လက်ခံကျင်းပဖို့အတွက် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို ရွေးချယ်တာက အားကစား-ခရီးသွားလုပ်ငန်းမဟာမိတ်အဖွဲ့တွေရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ နယ်ပယ်တစ်ခုထဲ နိုင်ငံတကာအဖွဲ့ချုပ် ဝင်ရောက်လာတဲ့ အထိမ်းအမှတ်ပဲဖြစ်ပါတယ်" ဟု UIPM က ပြောကြားခဲ့သည်။ "ဒီစိတ်ကူးက UIPM ၊ ပေကျင်းမြို့တော်ခရီးသွားလုပ်ငန်းအဖွဲ့၊ ပေကျင်းအားကစားဗျူရိုနဲ့ Chinese Modern Pentathlon Association တို့အကြား ဆန်းသစ်တဲ့ မိတ်ဖက်ဆက်ဆံရေးကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်"
ပေကျင်းမြို့သည် ယမန်နှစ်က အမျိုးသားအိုလံပစ်အားကစားစင်တာတွင် UIPM အတားအဆီးဖြတ်ကျော်ပြေးကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ ပထမဆုံးအကြိမ်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့သည်။ ယခုနှစ်ပြိုင်ပွဲတွင် မီတာ ၁၀၀၊ မီတာ ၄၀၀ နှင့် ၃-ကီလိုမီတာ တစ်ဦးချင်းပြိုင်ပွဲများအပြင် မီတာ ၄x၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲအသစ်နှင့် ၃-ကီလိုမီတာ အဖွဲ့လိုက်ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။
သမားရိုးကျအားကစားအဆောက်အအုံမှ အပန်းဖြေဥယျာဉ်သို့ ပြောင်းရွှေ့ခြင်းမှာ အဆိုပါအားကစားအတွက် လမ်းကြောင်းအသစ်ကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း UIPM ဥက္ကဋ္ဌ Rob Stull က ပြောကြားခဲ့သည်။
"သမားရိုးကျအိုလံပစ်အားကစားကွင်းနေရာကနေ အပန်းဖြေဥယျာဉ်မှာ လုံးဝအသစ်ဖြစ်တဲ့ ပွဲကျင်းပရေးအမြင်တွေနဲ့ ပြောင်းလဲဆောင်ရွက်နေကြတာဖြစ်တာကြောင့် ကျွန်တော်တို့ဟာ အတိတ်ကနေ အနာဂတ်ဆီ လမ်းကြောင်းသစ်တစ်ခုကို ရေးဆွဲနေကြတာပဲဖြစ်ပါတယ်" ဟု Stull က ပြောကြားခဲ့သည်။ "စက်တင်ဘာလကျရင် ပေကျင်းမှာ မြင်တွေ့ရမယ့်အရာတွေက အရင်က တွေ့ခဲ့ဖူးတဲ့ ဘယ်အရာနဲ့မှ တူမှာမဟုတ်တာကို တရုတ်နိုင်ငံသားတွေနဲ့ Universal Studios ဆီ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာဧည့်သည်တွေကို ကျွန်တော်အနေနဲ့ ကတိပေးနိုင်ပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..................
(English Version)
Universal Studios Beijing to host 2026 UIPM Obstacle Worlds
GENEVA, July 22 (Xinhua) -- The International Modern Pentathlon Union (UIPM) announced Wednesday that Universal Studios Beijing will host the UIPM 2026 Obstacle World Championships from September 2 to 6, as part of the "Race Across China" initiative that will combine UIPM's Pentathlon and Obstacle World Championships for the first time.
"The choice of a major theme park to host the second edition of UIPM's Obstacle Racing showpiece marks the International Federation's entry into an exciting realm of sport-tourism alliances," UIPM said. "The idea came to life through an innovative partnership between UIPM, Beijing Capital Tourism Group, Beijing Sports Bureau and the Chinese Modern Pentathlon Association."
Beijing hosted the inaugural edition of the tournament at the National Olympic Sports Center last year. This year's competition will feature the 100-meter, 400-meter and 3-kilometer individual events, as well as a new 4x100-meter relay and the 3-kilometer team event.
UIPM President Rob Stull said the move from a traditional sports venue to a theme park represented a new direction for the sport.
"We are charting a path from the past to the future, as we move from a traditional Olympic Stadium venue to a completely new hosting concept in a major theme park resort," Stull said. "I can promise the people of China and international visitors to Universal Studios that what they will see in Beijing in September will be unlike anything they've seen before." ■
English Caption
Chinese athlete Li Yiqi competes in the 400m obstacle course racing of UIPM 2025 Obstacle World Championships in Beijing, China, October 24, 2025.







