အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင်ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းပြဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင်ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းပြဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘော ပင်လယ်နီ၌ တိုက်ခိုက်ခံရခြင်းနှင့် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ တစ်ဆင့်တိုး အဆင့်မြင့်တက်လာသည်နှင့်အမျှ နိုင်ငံတကာ ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ဇူလိုင် ၂၃ ရက် အစောပိုင်းတွင် ပမာဏအများအပြားမြင့်တက်လာခဲ့ပြီး လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်အရောင်းအဝယ် စက်တင်ဘာလ စာချုပ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော်လွန်သွားခဲ့သည်။

အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီခန့်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX) ၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၉၁.၄၃ ဒေါ်လာ အထိ မြင့်တက်သွားခဲ့သည်။ စက်တင်ဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀.၀၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။

ဗြိတိန်နိုင်ငံ Financial Times သတင်းစာ၏ သတင်းဖော်ပြချက်အရ ၎င်းသည် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းက မေလပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော်လာခြင်းဖြစ်ကြောင်း၊ ပင်လယ်နီတွင် ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကြောင့် တစ်ကမ္ဘာလုံး ရေနံစိမ်းပံ့ပိုးမှုတွင် တစ်ဆင့်တိုးအကျပ်အတည်းဖြစ်လာမည်ဟု ဈေးကွက်က စိုးရိမ်မှုတိုးလာပြီး တစ်ကမ္ဘာလုံး ငွေကြေးဖောင်းပွမှုဖိအားကို ပြန်လည်မြင့်တက်လာစေနိုင်ကြောင်း သိရသည်။

ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့အဖွဲ့အစည်းသည် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းကို အသုံးပြု၍ ပင်လယ်နီ၌ ၎င်းတို့၏ ပို့ဆောင်မှုတားမြစ်ခြင်းအမိန့်အား ချိုးဖောက်သည့် ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောနှစ်စင်းအား တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အမေရိကန် The Wall Street Journal က ဇူလိုင် ၂၂ ရက်တွင် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်သမ္မတ ထရမ့်ထံသို့ “ပိုမိုအားကောင်းသော စစ်ရေးရွေးချယ်မှုများ” ပံ့ပိုးပေးနိုင်ရန်အတွက် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့များ၊ ဆေးကုသရေးဝန်ထမ်းနှင့် လက်နက်စက်ပစ္စည်းများ တိုးချဲ့စေလွှတ်လျက်ရှိကြောင်း သတင်းဖော်ပြခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

沙特油轮遭袭加剧担忧 国际油价突破100美元

新华社纽约7月23日电(记者刘亚南)由于沙特阿拉伯油轮在红海遭袭以及中东军事冲突进一步升级,国际原油期货价格23日早盘大幅上涨,伦敦布伦特原油期货9月合约价格突破每桶100美元。  

截至美东时间23日上午9时许,纽约商品交易所9月交货的轻质原油期货价格一度升至每桶91.43美元,9月交货的伦敦布伦特原油期货价格一度达到每桶100.08美元,涨幅均超过5%。  

据英国《金融时报》报道,这是布伦特原油期价5月以来首次突破每桶100美元。红海油轮遇袭加剧市场对全球原油供应进一步收紧的担忧,可能重新推高全球通胀压力。  

也门胡塞武装23日凌晨宣布,该组织使用导弹和无人机在红海袭击两艘违反其禁运令的沙特油轮。此外,据美国《华尔街日报》22日援引知情人士的话报道,美国正向中东地区增派部队、医务人员和武器装备,以便向美国总统特朗普提供“更有力的军事选项”。(完

图说:这是7月16日在美国加利福尼亚州洛杉矶县的一处加油站拍摄的柴油和汽油价格显示牌新华社发(曾慧摄