တရုတ်နိုင်ငံ အမျိုးသား စားနပ်ရိက္ခာသိုလှောင်ရေး ကော်ပိုရေးရှင်း (Sinograin) ၏ ချန်ရှား တိုက်ရိုက်စီမံခန့်ခွဲမှု သိုလှောင်ရုံတွင် တရုတ်နိုင်ငံ၏ 
ပထမအသုတ် တန်ချိန် ၉,၀၀၀ ဆံ့ လေဖောင်းစပါးကျီအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသား စားနပ်ရိက္ခာသိုလှောင်ရေး ကော်ပိုရေးရှင်း (Sinograin) ၏ ချန်ရှား တိုက်ရိုက်စီမံခန့်ခွဲမှု သိုလှောင်ရုံတွင် တရုတ်နိုင်ငံ၏ ပထမအသုတ် တန်ချိန် ၉,၀၀၀ ဆံ့ လေဖောင်းစပါးကျီအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမအသုတ် တန်ချိန် ၉,၀၀၀ ဆံ့ လေဖောင်းစပါးကျီကို တရုတ်နိုင်ငံ အမျိုးသား စားနပ်ရိက္ခာသိုလှောင်ရေး ကော်ပိုရေးရှင်း (Sinograin) ၏ ချန်ရှား တိုက်ရိုက်စီမံခန့်ခွဲမှု သိုလှောင်ရုံတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဇူလိုင် ၂၄ ရက်တွင် ပထမအကြိမ်အဖြစ် ကောက်ပဲသီးနှံ သိုလှောင်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ စတုတ္ထမြောက်မျိုးဆက်သစ် စပါးကျီသည် လက်တွေ့အသုံးချသည့်အဆင့်သစ်သို့ ရောက်ရှိလာပြီဖြစ်သည့် အနက်အဓိပ္ပာယ်ဆောင်ပေသည်။

အဆိုပါ လေဖောင်းစပါးကျီတစ်ခု၏ အမြင့်မှာ ၃၃.၆ မီတာ၊ အချင်း ၂၄ မီတာရှိပြီး ကောက်ပဲသီးနှံ တန်ချိန် ၉,၀၀၀ သိုလှောင်နိုင်ကြောင်း၊ ပထမအသုတ် လေဖောင်းစပါးကျီ ငါးလုံးအနေဖြင့် ကောက်ပဲသီးနှံ စုစုပေါင်း တန်ချိန် ၄၅,၀၀၀ သိုလှောင်နိုင်ကြောင်း သိရသည်။

ဤလေဖောင်းစပါးကျီတွင် အပူထိန်းအလွှာ၊ ရေစိုခံအလွှာနှင့် ဖွဲ့စည်းတည်ဆောက်မှုအလွှာတို့ တစ်သားတည်း ပေါင်းစပ်ပါဝင်ပြီး လေလုံစွမ်းရည်မှာ နိုင်ငံ၏စံနှုန်းမြင့်စပါးကျီသတ်မှတ်ချက်ထက် ၆ ဆကျော်အထိ ရှိကြောင်း၊ လေအေးပေးစက်ဖြင့် အပူချိန်ထိန်းချုပ်ခြင်း၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့် ထိန်းညှိခြင်း စသည့် နည်းပညာများနှင့် ပူးတွဲအသုံးပြုထားသဖြင့် ၎င်း၏စွမ်းအင်သုံးစွဲမှု လိုအပ်ချက်များ သိသိသာသာ လျော့ကျလာပြီး  သမားရိုးကျစပါးကျီများနှင့် နှိုင်းယှဉ်ပါက ထိန်းသိမ်းစောင့်ရှောက်သည့်စရိတ်ကို ၃၀ ရာခိုင်နှုန်းကျော်အထိ သက်သာစေမည်ဟု ခန့်မှန်းထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

我国首批9000吨级气膜粮仓正式装粮压仓

新华社照片,长沙,2026年7月24日

7月24日,我国首批9000吨级气膜粮仓在中储粮长沙直属库建成后进行首次装粮压仓作业,这意味着我国第四代新型粮仓正式进入应用新阶段。 据了解,该气膜粮仓单体高度33.6米,直径24米,可储存粮食9000吨,首批5座共能装粮食4.5万吨。该气膜粮仓保温隔热层、防水层与结构层一体化成型,气密性可达到国家高标准粮仓要求的6倍以上,配合空调控温、氮气气调等技术,其能耗需求下降显著,运维成本较传统粮仓预计可节约30%以上。

1. 这是7月24日在中储粮长沙直属库拍摄的我国首批9000吨级气膜粮仓(无人机照片)。新华社记者 陈思汗 摄